First Step

in #myanmar2 years ago

အားလုံးပဲ မင်္ဂလာပါ

ဒီအကောင့်လေးကို အစားအသောက်နဲ့ ပတ်သက်သည့် အကြောင်းအရာ လေးတွေ ရေးဖို့ အတွက် ဖွင့် ဖြစ်ခဲ့ပါတယ်။ မြို့ရဲ့ အနီးနား တဝိုက်မှာ ရှိတဲ့ coffee ဆိုင် မုန့်ဆိုင် စားသောက်ဆိုင်လေးတွေ အကြောင်းကို မျှဝေ ပေးသွားမှာပါ။ သူငယ်ချင်း တယောက်က သူ ထိုင်ဖြစ်တဲ့ ဆိုင်လေး အကြောင်း အစား အသောက်တွေ အကြောင်းကို ပြန်ပြော ပြတဲ့ ပုံစံ၊ သဘောမျိုးလေးပဲ ဖြစ်မှာပါ။

တခုကြိုပြီး မေတ္တာ ရပ်ခံလိုတာကတော့ နေ့စဉ်တော့ ပိုစ့် မတင် ဖြစ်လောက်ဘူးရယ်။ နေ့တိုင်း ဆိုင်ထိုင်နိုင်ဖို့က မဖြစ်နိုင်သေးပေ။ ထို့ကြောင့် ရက်ခြားလေးတော့ ရေးပြီး တင်ပါ့ မယ်။

MRTV 4 မှာ ထုတ်လွှင့်ခဲ့တဲ့ ကိုကောင်းထက်ဇော်ရဲ့ သွားမယ် စားမယ် အစီအစဉ် ကြည့်ပြီး တချိန်မှာ ငါလည်း အဲ့လိုမျိုးလေး လုပ်ကြည့်ချင်လိုက်တာ ဆိုပြီး တွေးထား၊ တေးထားပါတယ်။ လောလောဆယ်တော့ စာအဖြစ်နဲ့သာ မြင်ရဖို့ ရှိပြီး နောက်ပိုင်းမှာတော့ Video လေးတွေ ဖန်တီးနိုင်အောင်လည်း ကြိုးစားပါဦးမယ်။

Facebook မှာလည်း ဒီမှာ ရေးတင်ဖြစ်တဲ့ ပိုစ့်တွေကို တင်မှာပါ။ မြန်မာမှာက လူသိများ၊ လူသုံးများတာ Facebook ဖြစ်နေတော့ Facebook မှာကလည်း မဖြစ်မနေ တင်နေရဦးမှာပါပဲ။ Hive မှာပါ တွဲတင်ရင်းနဲ့ အခြား Facebook အသုံးပြု၊ ရေးသားသူတွေကိုပါ Hive မှာပါ ရေးသင့်၊ ရေးလို့ရကြောင်း ပြသ၊ အသိပေးချင်လို့လည်း ပါပါတယ်။ Facebook မှာတင် မဟုတ်ဘဲ Hive မှာပါ brand တခု တည်ဆောက်လို့ရကြောင်း တချိန်မှာ သူတို့ သိလာမှာ ပါ။

Facebook မှာတော့ Phyoe Bakery Supply page နဲ့ collaborate လုပ်ထားပြီး FoodMyChoice ဆိုတဲ့ program လေး အဖြစ် ဖန်တီးထားပါတယ်။

ကျန်းမာ ချမ်းသာ ဝမ်းဖြာကြပါစေ