ညအမှောင်နဲ့လရောင်မှိန်မှိန်သာ

in #nature2 years ago


အပူဒဏ်ကြောင့် အိပ်မရတဲ့ညတွေ အတော်များလေပြီ
မီးကလည်းပျက်ချိန်များနေတော့ ညဘက်ဆို အိပ်မပျော်တဲ့ရက်လည်းများပြီ
အိမ်အပြင်ထွက်နေတော့ နဲနဲတော့ အအိုက်သက်သာသလိုလိုနဲ့ မှိန်ဖျော့ဖျော့သာလင်းသေးတဲ့လရောင်လေးရယ် ငယ်ဘ၀ကို လွမ်းမိလာတယ် အပူပင်ကင်းခဲ့တဲ့ကလေးဘ၀ အရမ်းကိုပျော်စရာကောင်းခဲ့တယ်
အော် ကိုယ်တွေ ကိုယ့်အိမ်ကိုယ့်ယာ နဲ့နေနေတာတောင် ဒီလောက်ပူအိုက်နေတာ အိမ်ကိုပစ်ပြီး ထွက်ပြေးနေရတဲ့မိသားစုတွေ အဆင်မှပြေရဲ့လားပေါ့ အတွေးများနဲ့ ရင်မှာပူလောင်စေတယ်
တစ်ချို့မိသားစုတွေငိုကြွေးနေကြသလားး
ထွက်ပြေးနေကြသလား
ပူဆွေးနေကြသလားးးးစာနာတတ်တဲ့အတွေးများနဲ့ရင်ကိုပူလောင်စေတယ် မြန်မာနိုင်ငံကြီး အမြန်ဆုံးအေးချမ်းပါစေ🙏🙏🙏