အမေ ကျန်းမာပါစေ

in #hive-12213312 days ago

ဒီတပတ်မှာတော့ လိဂ်ပွဲစဉ်တွေ အစား နိုင်ငံတကာ ပွဲတွေ ကစားကြမည် ဖြစ်၏။ Weekdays အပြင် weekend မှာကောပေါ့။ United အတွက် ပူပန်ရသည့် စိတ်ညစ်မှု တပတ်တာ သက်သာပြီဟု ပြောလို့ရမည်။ Ten Hag ကို ထုတ်ပယ်ရေး မပယ်ရေး ကလည်း ခုထိ ဆွေးနွေးနေဆဲဟု သိရ၏။ နိုင်ငံတကာ ပွဲတွေ ပြီးမှပဲ သိရမည်ထင်။ အချို့ကတော့ နည်းပြ ထုတ်တာက အဖြေမဟုတ်ဘူးဟု ဆိုကြပေမယ့် ကျနော့် တယောက်ထဲ အမြင်ကတော့ Ten Hag အတွက် ပေးထားသည့် အချိန်က လိုတာထက်ပင် ပိုနေပြီဟု ထင်မြင်မိ၏။ ကြာရင် United ၏ အခြေအနေက ယခုထက် ပိုလို့ပင် ဆိုးသွားနိုင်၏။

ဒီကာလကြီး United ပရိတ်သတ် ဖြစ်ရတာလည်း ဝဋ်ကြွေးပဲ။ လက်ရှိ United အကြောင်းကို ပြောဖြစ်တိုင်း ယခင်တုန်းက United ကို သွားသွား သတိရမိနေတာကလည်း ဒုက္ခ။ ကိုယ့်ကို ဝေဒနာ ပြန်ပေးမိနေသည့် အဖြစ်။ ဒီရက်ပိုင်းက ကိုယ့်ဟာကို အလုပ်ရှုပ်နေတော့ United ပွဲတွေဖက်လည်း သိပ်မလှည့် ဖြစ်ပေ။ ‌ဆိုင်ကယ် ခိုက်မိတာရယ်၊ အမေ ဆေးရုံတက်ရတာရယ်နဲ့ ကျနော့်မှာ မအားလပ်နေပေ။

အမေက ပြီးခဲ့သော လ 26 ရက်နေ့က ဆေးရုံ 3 ရက်လောက် တက်လိုက်ရသေး၏။ လေဖြတ်ချင်သလို ဖြစ်လာသဖြင့် ဆေးရုံတင်လိုက်ရခြင်း ဖြစ်၏။ အသိနောက်ကျ သို့မဟုတ် ဆေးရုံတင် နောက်ကျပါက လုံးဝ လေဖြတ်သွားနိုင်သည်ဟု ဆို၏။ ကံကောင်းလို့ အချိန်မှီလေးပင်။ အမေ့ အသက်က 74 နှစ် ဖြစ်၏။ ဂရုစိုက်ဖို့ လို၏။ စိတ်ကဆောင်နေပေမယ့်လည်း ခန္ဓာကိုယ်က သိပ် မလိုက်နိုင်တော့ပေ။ ခုတော့ ဆေးရုံဆင်းပြီး အိမ်မှာပဲ နားနားနေနေ နေခိုင်းထားရ၏။

အရင်လို မီးဖိုချောင်ဝင် ချက်ပြုတ်ဘာညာ ပေး မလုပ်တော့ပေ။ အမတွေနဲ့ ကျနော် အဆင်ပြေတဲ့သူက ဝင်ရောက်ချက်ပြုတ်ကြ၏။ အမေ့ အစား ဝင်ချက်ရမှ အမေ့ကို ပိုလို့ ကိုယ်ချင်းစာမိ၏။ အိမ်ထောင်ကျပြီးကတည်းက မီးဖိုချောင်ဆိုတော့ အမေ့ မီးဖိုချောင်သက်တမ်းက ကျနော့်အသက်ထက် ကြီးပေလိမ့်မည်။ အဖေနဲ့ မယူခင် အဖွာစအိမ်မှာတုန်းကလည်း မီးဖိုချောင်၊ အိမ်ထောင်ကြပြီးတော့လည်း မီးဖိုချောင်၊ သားသမီးတွေကနေ ခု မြေးတွေ အထိလည်း မီးဖိုချောင်။ ဒါကြောင့်လည်း တခါတလေ အမေ စိတ်ရှုပ်လာသည့်အခါ ငါ့ဘဝကလည်း သေမှ မီးဖိုချောင်ကပဲ ထွက်ရမလားပဲတဲ့။

ခုတော့ အမေ့ကို ကျနော်တို့ မီးဖိုချောင် ပေး မဝင်တော့ပေ။ ဒါတောင် နည်းနည်း သက်သာ လာတာနဲ့ ဟိုမေး ဒီပြော ဟိုဟာလေးလုပ် ဒီဟာလေးပြင်တွေ ထပြီး လုပ်နေသေး၏။ အမေကား သားသမီး မြေးတွေကို ချစ်လွန်း စိတ်ပူလွန်းလှပေ၏။ ကျနော်တို့ အတွက်ကတော့ အမေ ကျန်းမာ နေဖို့သာ အရေးကြီးလှ ပေ၏။

Sort:  

တော်သေးဗျို့ အချိန်မီပေလို့။
!PIZZA
!MEME

ဟုတ်တယ်ဗျ။

PIZZA!

$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun