ဒီနေ့ Super Sunday မှာတော့ EPL ပွဲကောင်းတွေ အများကြီး ကစားသွားဖို့ ရှိနေပါတယ်။ မြန်မာစံတော်ချိန် ည 8 နာရီမှာတော့ Man United vs Everton တို့ရဲ့ ပွဲစဉ်၊ ည 10 နာရီခွဲမှာတော့ Liverpool vs Man City တို့၏ ပွဲစဉ်တွေ ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေပါတယ်ဗျ။ နည်းပြ Amorim အတွက် ဒုတိယမြောက် EPL ပွဲ ဖြစ်ပါတယ်။
သောကြာနေ့ မနက်မှာ ကစားသွားတဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာတော့ အနိုင်ရထားခဲ့ပါတယ်။ ပထမဆုံး EPL ပွဲကတော့ အဝေးကွင်းမှာ Ipswich City ကို သရေကျထားခဲ့တာပဲ ဖြစ်ပါတယ်။ Ipswich နဲ့တုန်းက ကံကောင်းလို့ သရေကျတာလို့ ပြောရမှာ ဖြစ်ပါတယ်။ ဂိုးသမား Onana သာ မကယ်ရင် အရှုံးနဲ့ ရင်ဆိုင်ရမှာ အသေအချာပါပဲ။ ဒီနေ့ Everton နဲ့ ပွဲတော့ နိုင်ဖို့ မျှော်လင့် မိပါရဲ့။ နိုင်မယ် လို့လည်း ယုံကြည် နေပါတယ်။
ဒီညမှာ အခက်တွေ့နိုင်တာကတော့ Man City ပဲ ဖြစ်ပါတယ်။ 6 ပွဲဆက် နိုင်ပွဲ ပျောက်နေပါတယ် ဆိုမှ Liverpool နဲ့ လာတွေ့ရတယ်လို့။ ပြီးတော့ အဝေးကွင်းကြီး။ ကစားသမားတွေက ယုံကြည်မှု လျော့နေချိန် မလား။ City နည်းပြ အနေနဲ့ အခု အချက်ကို ပြင်ဆင် ပေးနိုင်မှပဲ အဆင်ပြေပါလိမ့်မယ်။ ပုံစံကောင်းတွေ ပြသနေတဲ့ Liverpool ကို သူတို့ ဖြတ်ကျော်နိုင်ပါ့ မလားကတော့ စိတ်ဝင်စားစွာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။