Else

in #hive-1221338 hours ago

Telegram Airdrop တွေ အလျဉ်းသင့်ရင် သင့်သလို လုပ် ဖြစ်၏။ Dogs အလွန်မှာတော့ ထပ်မရသေးပေ။ ရနိုးနိုးနဲ့ လုပ်ထားတေရတာပါပဲ။ တချို့ Airdrop တွေက list ခါနားနီးမှ နောက်ဆုတ် သွားတာမျိုးလည်း ရှိ၏။ အလကားပေးတာမို့ ငါတို့ ပေးချင်တဲ့ အချိန် ပေးမယ် ဆိုသည့် အချိုးမျိုးတွေ။ တချို့ဟာတွေကကြ အလကားမှ မဟုတ်ဘဲ။ Transition တွေ လုပ်ခိုင်းတာ၊ fee ထည့်ခိုင်းတာမျိုးတွေလည်း ရှိ၏။

ဘယ်အချိန် Airdrop ချပေးမယ် မသိပေမယ့်လည်း တခြားသော လုပ်လို့ရသည့် အရာတွေ ပါဝင်နေသည့် Tokens တွေ၊ Coins တွေလည်း ရှိ၏။ သားလောင်းလေးမို့ points ဟု ပြောရင်လည်း ရမယ် ထင်ပါရဲ့။ ဥပမာ အားဖြင့် Else လို့ ခေါ်သည့် Airdrop bot က မိမိ၏ social platform တွေကို boost လုပ်၊ promote လုပ်ချင်တဲ့အခါမျိုးမှာ သူ့ရဲ့ points တွေကို သုံးပြီး လုပ်နိုင်၏။ စိတ်မကောင်းစရာကတော့ မိမိ၏ Hive account ကို boost လုပ်လို့တော့ ရမည် မဟုတ်ပေ။ အေးလေ အဲ့ bot နဲ့ Hive နဲ့ကလည်း ဘာမှ မဆိုင်ဘဲကိုး။

လက်ရှိမှာတော့ သူ promote လုပ်ပေးနိုင်သည့် Social platform 4 ခု ရှိ၏။ Twitter, Telegram, Instagram & YouTube တို့ ဖြစ်၏။ မိမိမှာ boost လုပ်ချင်သည့် account တခုခု ရှိနေမယ်ဆိုရင် Else points တွေနဲ့ boost လုပ်ကြည့်လို့ ရနိုင်ပါ၏။ Boost လုပ်ဖို့ ပမာဏကတော့ အနည်းဆုံး 10 M ကနေ စ၏။ ဒါတောင် County ကို Default ထားထားမှ ရ၏။ Country ကို Myanmar ရွေးလိုက်ရင် အနည်းဆုံး 20 M မှ ရမည် ဖြစ်၏။ အင်း ဒီအတိုင်းဆို points တွေ ထပ်စုရပေလိမ့်ဦးမည်။

Points စုရတာကတော့ ထုံးစံအတိုင်း Tap လုပ်ရင်း စုနိုင်၏။ ခုနောက်ပိုင်း Update မှာတော့ mining သဘောလိုမျိုး feature တခု ပါလာ၏။ တနာရီမှာ ဘယ်လောက်ရမယ် ဆိုပြီး သူ့သူ Auto tap (auto collected) လုပ်ပေးနေသည့် function ပေါ့။ ကိုယ်က carrier ကို အဆင့်မြှင့်လိုက်တိုင်း အဆိုပါ profit ကလည်း တိုးတိုး လာမည် ဖြစ်၏။

20 M ပြည့်အောင် Points တွေ စုထားပြီး ကိုယ့် Channel လေးကို Boost လုပ်ကြည့်ပါဦးမည်။ ဘာများ ထူးခြား လာလေ မလဲပေါ့။ Boost လုပ်ပြီးမှ နောက်တခါ ထပ်လာ ပြောပြပါဦးမည်။