Internet

in #hive-12213320 days ago

Internet line တွေက ခုထိ ပြန်မကောင်းသေးပေ။ Wifi ကော၊ Mobile data ကော။ ရှိသည် ရသည် ဆိုရုံလေးသာ ရနေ၏။ တော်တော့်ကို စိတ်ရှည် သည်းခံပြီး သုံးနေရ၏။ အဝိုင်းလည်သည့် အလည်က ကိုယ်တွေပါ လိုက်လို့လည်ကုန်ကြသည် အထိပင်။ Hive မှာ ပိုစ့်တင်လို့လည်း မရနေပေ။ တရက်သားကတော့ တင်လို့ရလိုက်သေး၏။ ထို့နောက်မှာတော့ ထပ်ပြီး တင်လို့ မရနေပြန်ပေ။ ပိုစ့်က တင်မရ၊ Airdrop ကလည်း ဝင်မရ ကောက်မရနဲ့ အေးရော။ Wifi ရုံးကို လှမ်းမေးတော့ ရက်ပိုင်းလောက် ဖြစ်နေဦးမည် ဆို၏။ သူ့ ရက်ပိုင်းက တပတ်ပင် ကျော်လွန်လို့ လာခဲ့ပြီ။

Phone bill ဖြည့်ဖို့ Kpay ကနေလုပ်ဆောင်ဖို့ရာ လိုင်းက မကောင်းနေပေ။ ငွေဖြည့်ကဒ်နဲ့ ခဲခြစ်ပြီး ထည့်နေရ၏။ 1990 ကာလတွေကို ပြန်ရောက်သွားသည့်နှယ်ပင်။ ထိုအချိန်က Internet မရှိရင်လည်း ဖြစ်နေသေးပေမယ့် ယခု ချိန်မှာတော့ Internet မရှိ၊ မရလို့ မဖြစ်ပေ။ သတင်းအချက်အလက် စီးဆင်းမှု အားနည်းသွားတာ၊ Online learning and earning တွေ အလုပ် မဖြစ်တော့တာ စသည်ဖြင့်‌ အတော်လေး ဒုက္ခ ရောက်ရ၏။ ရေဘေးဒဏ်သင့်တာက ပို အရေးကြီးတာ မှန်ပါ၏။ နို့ပေမယ့် သတင်းအချက်အလက် စီးဆင်း၊ ရယူနိုင်ဖို့ကလည်း အရေးပါသည် မဟုတ်လား။ ဘယ်မှာ ဘာဖြစ်နေသည်၊ ဘယ်မှာ ဘာလိုအပ်နေသည်တို့ကို သိနိုင် ကြားနိုင် မြင်နိုင်မည် မဟုတ်လား။

Internet တွေ၊ Phone line တွေ ပြန်ရမှသာ ဘယ်နေရာမှာ ဘာတွေ ဖြစ်ကုန်သည်ကို သိမြင်ကြရပြီး ကူညီ ကယ်ဆယ်ရေးတွေ လုပ်နိုင်ခဲ့သည် မဟုတ်လား။ Internet က မကောင်းနေ၊ ပိုစ့်တင်လို့မရ၊ Airdrop လည်း ကောက်မရနဲ့ ကျနော့်ရဲ့ တရက်တပိုစ့် အစီအစဉ်လေးလည်း တခန်းရပ်သွားခဲ့ရ၏။

ကလစ်သည့် နေရာမှာလည်း ယခင်လောက် မကလစ်နိုင်တော့ပေ။ ယခင်ထက် ပိုအချိန်ကြာကြာပေးပေမယ့် ယခင်လောက် မရနေတော့ပေ။ Target (Star points) မထိ၊ မရောက်သည့် ရက်များပင်။ တခြား ကောင်းကောင်း သုံးမရရင်တောင် ကလစ်ခွင့်တော့ ကောင်းကောင်းမွန်မွန်လေး ရချင်ပါ၏။ ကလစ်လို့လည်း မရ၊ ပိုစ့် တင်လို့လည်း မရနဲ့ စာလည်း ကောင်းကောင်း ရေးချင်စိတ်ကို မရှိနေတော့ပေ။ တရက် တပိုစ့် မတင်ဖြစ်ရင်တောင် တရက်တပိုစ့်တော့ ရေးဖြစ်နေသင့်၏။

နို့ပေမယ့် Internet မရနေတာနဲ့ပဲ လူက စိတ်ညစ်ပြီး ဘာမှ ကောင်းကောင်း မရေးဖြစ်၊ ရေးချင်စိတ်လည်း မရှိနေပေ။ ရေဘေးဒဏ် ခံရသူတွေထက် စာရင် ကိုယ့် ဒုက္ခက ဘာမှ မပြောပလောက်ပေ။ အသက် အိုးအိမ် စည်းစိမ် ဆုံးရှုံး နစ်နာသူတွေထက်စာရင် Internet မရတာလေးက စကားလုပ်ပြောစရာ တခုတော့ မဟုတ်နေပေ။

Sort:  

PIZZA!

$PIZZA slices delivered:
@myanmarkoko(2/5) tipped @donjaun

အင်တာနက် လိုင်းမကောင်းတော့ ဘာလုပ်လုပ် အဆင်ပြေမနေဘူးဗျာ။

!PIZZA

!LUV

ဟုတ်ပဗျာ။

!hiqvote