Journey of Phone (chapter 2)

in #hive-12213314 days ago

Phone က တော်တော်လေး မိုက်၏။ Resolution ဘာညာက ပြောနေစရာ မလိုပေ။ Mid range phone တွေလောက်သာ သုံးဖူးသူမို့ high end phone တွေ၏ ရုပ်ထွက် ဘာညာ ဒီဇိုင်း အနေအထားတွေကိုတော့ မပြောတတ်ပေ။ ခု ကျနော် ယူလာသည့် Redmi note 13 pro ကလည်း midrange phone သာ ဖြစ်၏။ ပြီး second မလား။ ဒါပေမယ့် 1220 x 2712 pixels Resolution က phone တလုံး အထူးသဖြင့် ကျနော့် အတွက် အဆင် ပြေနေပြီ။ သူ့ထက် Resolution များတဲ့ phone တွေသာ ဆိုရင် ပိုပိုလို့တောင် ကောင်းပေလိမ့်မည်။

ကျနော် ယှဉ်ပုံက ဒီလိုဗျ။ လက်ရှိ ဈေးကွက်ထဲက ဈေးမတိမ်းမယိမ်း phone တွေနဲ့ မယှဉ်ဘဲ ယခင် ကျနော် သုံးခဲ့ဖူးသည့် (ကွဲသွားသည့်) cc9 phone လေးနဲ့သာ ယှဉ်၏။ ဟ ကဒွန့်ဟာက phone အဟောင်းနဲ့ ယှဉ်မှတော့ အခု အသစ်ထွက်တွေက သာမှာပေါ့ဟု ပြောကြပေလိမ့်မည်။ ဒီလိုပါ တချို့ midrange ထဲက အသစ်ထွက်တွေက ကျနော် phone အဟောင်း ထက် design, chipset, display ပိုင်းမှာ နိမ့်နေတဲ့ phone တွေမှ အများကြီးရယ်။

ပြီး ကျနော့် cc9 လေး ဝယ်တုန်းက ၃ သိန်းသာ ပေးရ၏။ Qualcomm SDM710 Snapdragon 710 က daily drive အတွက် လုံလောက်၏။ ခုချိန် ၃ သိန်းသုံးရင်တောင် cc9 လို အနေအထားမျိုး ပါဝင်သည့် phone မရနိုင်တော့ပေ။ ဘဘကြီး ကျေးဇူးတွေပေါ့။

တခြားသူတွေ phone ဝယ်ရင်တော့ ဘယ်လို ဝယ်သည် မသိ။ ကျနော်ကတော့ အချိန်ရယ်၊ ကိုယ်ဘာ အတွက် သုံးချင်တယ် ဆိုတာကို အမြဲ တွက်၏။ တချို့က up-to-date သမားတွေ အသစ် ထွက်တာနဲ့ တန်းပြောင်း ကိုင်လေ့ ရှိ၏။ ကျနော်က ရေရှည်သမား ခဏခဏ phone မပြောင်းဘဲ တလုံးထဲကို အချိန် ကြာကြာကိုင်ချင်တာ။ 2019 ကတည်းက ထွက်သည့် cc9 လေးကို ခုထိ ကိုင်လာတာပဲ ကြည့်တော့။ ခုတောင် မှန်ကွဲသွားလို့သာ နို့ဆိုရင် cc9 လေးပဲ ဆက်ကိုင် ဖြစ်နေပေလိမ့်မည်။

Phone နဲ့ စာရေး၏။ social media သုံး၏။ တခါတလေ ရုပ်ရှင်ကြည့်၏။ တပတ်ကို ၃၊ ၄၊ ၅ နာရီလောက်တော့ ဂိမ်းဆော့ ဖြစ်၏။ ဂိမ်းဆိုလို့ Gamer ကြီး၊ ဂိမ်းတွေ အများကြီး ဆော့တယ် မထင်စေချင်။ ဒီအတိုင်း အပျင်းပြေ mobile legends လောက်သာ ကစားခြင်း ဖြစ်၏။ cc9 က ထိုအချက်တွေ အတွက် သင့်တော် လုံလောက် နေပြီးမို့ phone အသစ်တွေ ထွက်လာလည်း ကျနော့် အတွက် မလိုအပ်နေခြင်း ဖြစ်၏။

(Photo from GSMArena)

ဆက်ရန်