Journey of Phone (Final Chapter)

in #hive-12213313 days ago

ခု note 13 pro က cc9 ထက် all round သာ၏။ Chipset, display, design, camera, battery အစရှိသဖြင့် အားလုံးမှာ သာ၏။ 12 turbo က note 13 pro ထက် performance ပိုကောင်းတာ မှန်ပေမယ့် finger print က side mount ဖြစ်နေတော့ note 13 ကိုပဲ ပိုရွေးချယ် ဖြစ်သွားခြင်း ဖြစ်၏။ ပြီး ကျနော်က Mobile legends လောက်သာ ကစားသူမို့ note 13 pro နဲ့တင် အဆင်ပြေ၏။

Second ဆိုင်က ယူဘာသည့် phone ကို နှစ်ရက် သုံးပြီး နောက်မှာတော့ အဆိုပါ ဆိုင်သို့ တဖန် ပြန်သွားဖို့ အကြောင်းဖန်လာခဲ့လေ၏။ ယူလာတဲ့ရက်မှာ အဆင်ပြေ၏။ နောက်ရက်မှာ သူငယ်ချင်းတွေ စုပြီး ဂိမ်းဆော့၏။ 2 နာရီ 3 နာရီလောက် ကစား၏။ ထို့နောက် ဂိမ်း ကစားတာ နားပြီး social media ခဏ သုံး၏။ Battery 26% မှာ phone က ပါဝါ ပိတ်သွားခဲ့၏။ အားနည်း သွားလို့ ထင်ပါရဲ့ဆိုပြီး ပါဝါ ပြန်ဖွင့်ပြီး အား သွင်းထား လိုက်၏။

နောက်ရက် မှာလည်း phone သုံးနေရင်းက battery 36% မှာ ပါဝါ ပိတ်သွား ပြန်၏။ ပြန်ဖွင့်၏။ pin lock ရိုက်နေတုန်းမှာ ပါဝါ ပြန်ပိတ်သွားပြန်၏။ ထိုသို့ နှစ်ကြိမ်လောက် ဖြစ်သွားပြီးနောက် အားသွင်းထားရင်း ဖွင့်တော့ pin lock ရိုက်လို့ရပြီး ပုံမှန် အတိုင်း သုံးလို့ရ၏။ ထို အကြောင်း သူငယ်ချင်းကို လှမ်းပြောတော့ Battery error နေမယ် ဆိုင်ပြန်သွားကြည့် ဆိုသဖြင့် နှစ်ယောက် အတူ ထပ်သွားကြပြန်၏။

ဆိုင်က စစ်ကြည့် ပေးမယ် ဘာညာတောင် မပြောနေဘဲ ကျနော့်ကို ငွေသာ ပြန်အမ်း ပေးလိုက်လေတော့၏။ ဘယ်လိုကြီးမှန်း မသိ။ သူငယ်ချင်းကလည်း သူ့ဆီက phone တလုံးသာ ဆက်ယူသုံးထားရန် ပြောပြီး အေးဆေး ထပ်ရှာကြတာပေါ့ဟု ဆို၏။ ထပ်ရှာရင်း စောင့်ကြရုံပေါ့။

ကျနော့်မှာလည်း သူ့ကို အားနာလှပြီ။ phone အပိုကို ပေးသုံးထားတာ ဆိုပေမယ့်လည်း သူများ ပစ္စည်း မလား။ ကျနော့် ပေးသုံးထားသည့် phone ကို တောင်းဝယ်သူ ရှိလာပါက သူ့ အတွက် နစ်နာ နိုင်သည် မဟုတ်လား။ အဖက်ဖက်က စဉ်းစားပြီးနောက် ငွေ နည်းနည်းလောက် ထပ်စိုက်ပြီး အသစ်သာ ဝယ်တော့မည် တွေးလိုက်၏။ phone ဈေးတွေလည်း ခဏ ပြန်ကျနေတုန်းဆိုတော့ အဆင်ပြေ၏။ ပြီး Second က မမြင်နိုင်သည့် error တွေ ထပ်ပါလာနေသေးရင် ခက်ရချည်သေး မလား။ စိတ်မရှုပ်ရအောင်လို့ အသစ်သာ ဝယ်တော့မည်ဟု စိတ်ပိုင်းဖြတ်လိုက်၏။

(photo from GSMArena)