Oh My Tooney

in #hive-12213310 days ago

ရှုံးတုန်းကတော့ ပြောပြီး နိုင်တော့ မချီးကျူးဘူးလားဟု မပြောရလေအောင် United အကြောင်း အနည်းငယ် ပြောလို၏။ နိုင်တယ် ဆိုပေမယ့်လည်း အရသာတော့ သိပ် မရှိလှပေ။ တကယ်တော့ ကံကောင်းလို့ နိုင်တာဟုပင် ပြောလို့ရ၏။ နောက်ဆုံး မိနစ် ရောက်မှ အနိုင်ဂိုး သွင်းသွားခဲ့လို့သာ အဆိုပါ ဂိုးကို United နောက်ခံလူ Maguire က Fernandes ၏ ကန်တင်ပေးမှုက တဆင့် သွင်းယူသွားခဲ့ခြင်း ဖြစ်၏။ လူကျွံ အနေအထား ဖြစ်နေသည်ဟု ပြောဆိုနေကြတာမျိုးတွေလည်း ရှိ၏။ FA Cup မှာ VAR စနစ် မသုံးလို့ လူကျွံ ဂိုးကို ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်ဟုလည်း ဝေဖန် ပြောဆိုနေကြ၏။

EFL Cup က ထွက်ခဲ့ရပေမယ့် FA Cup မှာတော့ အသက်ဆက်နေနိုင်သေးသဖြင့် တော်သေးသည်ဟု ဆိုရမည်။ လာမယ့် Sunday မှာတော့ EPL Round 25 အဖြစ် Tottenham Hotspur ၏ အိမ်ကွင်းမှာ သွားရောက် ကစားရမည် ဖြစ်၏။ Cup ပွဲတွေမှ ကံကောင်းပေမယ့် League ပွဲစဉ်တွေမှာတော့ ကံကောင်းလေ့ မရှိပေ။ ခြေစွမ်းက မကောင်းပါဘူးဆို ကံကပါ မကောင်းတော့ ဘာပြောလို့ ပြောရမယ်မှန်းကို မသိတော့ပေ။ FA Cup နဲ့ Europa league လေး ကျန်နေသေးလို့သာ။

United men အသင်းက အခြေအနေ ဆိုးနေပေမယ့် အမျိုးသမီးအသင်းကတော့ အခြေအနေ ကောင်းနေသည်ဟု ပြောလို့ရ၏။ အထူးအားဖြင့် ကျနော့် အကြိုက်ဆုံး ကစားသမား Ella Toone တယောက် ခြေစွမ်းတွေ ပြနေ၏။ January လ အတွက် အကောင်းဆုံး ကစားသမား အဖြစ် PFA WSL fans' က ရွေးချယ်ချီးမြှင့်ခြင်းကိုလည်း ခံရ၏။ Tooney ၏ နှစ်၊ Tooney ၏ အချိန်ဟုပင် ဆိုရလေ မလား။ အသင်းဖော် Alessia Russo အသင်း ပြောင်းသွားလို့ Tooney တယောက် အရင်လို ပံ့ပိုးမှုတွေ ကောင်းကောင်း လုပ်နိုင်ပါ့မလား စိတ်ပူနေခဲ့ပေမယ့် Tooney က ထို ပူပန်မှုများကို ချေဖျက်ပြခဲ့လေ၏။ အကောင်းဆုံး ဖန်တီးပေးပို့မှုတွေ အပြင် ဂိုးတွေပါ သွင်းယူ ပြနေခဲ့၏။ ဂုဏ်ယူပါတယ် Tooney လေးရေ။

Sort:  

!LOLZ
!MEME

What did the tie say to the hat?
I'll hang around here while you go on ahead.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi

(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ

ဘောပွဲတေလည်း သိပ်မကြည့်ဖြစ်သေးဘူး...
!LOLZ
!MEME

I owe my taylor a lot of money.
But he's agreed to cut me some slacks.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of uthantzin

(5/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !HUG from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻