မနေ့က ပစ်ထားတာ ကြာနေသည့် ကျနော့် Fantasy Premier League အသင်းကို ပြန်သွား စစ်ကြည့်ရသေး၏။ ရထားသည့် အမှတ်တွေက အကုန် Average အောက်တွေ ချည်းပင်။ အသင်း၏ အလယ်တန်းက အဆင်ပြေပေမယ့် တိုက်စစ်က လိုအပ်ချက်တွေ ရှိနေခဲ့၏။ ကျနော့် တိုက်စစ်မှူးတွေက ခုထိကို ဂိုး မရသေးပေ။ မရဆို EPL မစခင် ကတည်းက injury မိနေသည့် Hojlund ကို ဝယ်ထည့် ထားမိသည်ကိုး။ အစွဲပေါ့။ United fan ဖြစ်နေတော့ United ကစားသမားကလည်း မဖြစ်မနေ ထည့်ထားချင်သေးသည်ကိုး။
Hojlund က ကောင်းပါ၏။ သို့ပေမယ့် Injury မိနေရာကနေ ဘယ်အချိန်မှ ပြန်လာနိုင်မယ်ဆိုတာ မပြောနိုင်သေးပေ။ ခဏဆို ကောင်းပြီ ထင်ပြီး ကိုယ့်အသင်းထဲ ခေါ်ထားမိခါမှ ဆရာသမားက ခုထိ ပြန်မလာ သေး။ သူက Injury ပါ ဆိုမှ Nunez ကလည်း first lineup ကို မကစားနေရသေးပေ။ Substitute အနေနဲ့ ဝင်ကစားချိန်လေးကိုတောင် ဂိုးက မရနေပေ။ နောက်တယောက် Vardy က ကစားခွင့်ရပေမယ့် ဂိုးက အရနည်းနေ၏။ ဒီအတိုင်းဆို Haaland ကို ဝယ်ထားရတော့မည့် ပုံပင်။
ခက်တာက Haaland ၏ ဈေးကလည်း ကြောက်စရာပင်။ အလယ်တန်း ကစားသမား တယောက်ကို အလဲအလှယ် လုပ်ပြီးမှ Haaland ကို ပြန်ခေါ်လို့ ရပေလိမ့်မည်။ လောလောဆယ်တော့ Hojlund နဲ့ Nunez ကို ရောင်းပြီး တခြား တိုက်စစ်မှူး နှစ်ယောက်ကို ခေါ်ထားလိုက်၏။ ကိုယ် လဲလိုက်မှ Nunez က first lineup တွေ ကစားရပြီး ဂိုးတွေ ထသွင်းနေမှဖြင့်။ နောက်ပြီး Hojlund ကလည်း Injury ကနေ ပြန်လာနေမှ ဟုတ်နေဦးမည်။ အသစ် ခေါ်ထားတဲ့ တိုက်စစ်မှူးတွေက Yoane Wissa (Brentford) နှင့် Larsen (Wolves) တို့မှ ဖြစ်၏။ ဂိုးသွင်း မသွင်းတော့ မပြောတတ်သေးပေ။ ဒါပေမယ့် lineup ကတော့ သေချာ၏။ EPL ၃ ပွဲလုံး သူတို့ ကစားထားရ၏။
လာမယ့် ပွဲစဉ်တွေမှာ အခြေအနေ ကောင်းလာမလားကတော့ ဆက်လက်စောင့်ကြည့်ရပေလိမ့်ဦးမည်။ အသင်း အတွက် ကစားသမား အလဲအလှယ် လုပ်ပြီးနောက် Telegram bot တွေဘက် ပြန်ရောက်သွားပြန်၏။ ဒါကလည်း လုပ်ရဦးမယ် မလား။ Dogs tokens ရထားဖူးတော့ နောက်ဟာလေးတွေများ ထပ်ရလေဦးမလားပေါ့။ ရတာတော့ ရဦးမှာပါလေ။ ဘယ်ဟာတွေ ရမလဲပဲ ကြည့်ရမယ်။ အဓိကက ကိုယ်လုပ်ထားတဲ့ဟာလေးတွေထဲက ဖြစ်ဖို့တော့ လို၏။
နာမည်ထွက်နေသမျှ bot တိုင်း airdrop တိုင်းတော့ လိုက်လုပ်ထားတာပါပဲ။ ယခင်က ပိုစ့်တင်ဖို့ စာပဲ ရေးရတာ၊ ခုက Hive မှာ အချိန်နည်းနည်းပေးပြီး Telegram မှာ အချိန် များများ ပေးဖြစ်နေ၏။ ရှေ့ရက်တွေကဆို ပိုစ့်တင်ဖို့တောင် စာကို အချိန်ကပ်မှ ရေးဖြစ်၊ ရေးရတာ။ အတော် ကသီ၏။ အချိန်တခု ရောက်သွားရင်တော့ စီမံခန့်ခွဲ နိုင်သွားမှာပါလေ။ ခုတော့ ....