ဟုတ်ကဲ့ Match Day အလွန်ကတော့ မပျော်နိုင်တဲ့ နေ့ရက် ဖြစ်သွားခဲ့ပါပြီ။ Man United တို့ အိမ်ကွင်းမှာ Nottm Forest ကို 2-3 နဲ့ ရှုံးသွားခဲ့ပါတယ်။ နည်းပြသစ် Amorim အတွက်တော့ 2 ပွဲဆက် ဒုတိယမြောက် ရှုံးပွဲ လို့ ဆိုရပါလိမ့်မယ်။ Arsenal ကို အဝေးကွင်းမှာ ရှုံးပြီး ခု Forest ကို အိမ်ကွင်းမှာ ထပ်ရှုံးခဲ့ ပြန်ပါတယ်။ ဘာပြောရမှန်းကို မသိတော့ပါဘူး။ Forest နဲ့ ပွဲမှာ ကစားပုံ ကောင်းခဲ့ပေမယ့် လိုချင်နေတဲ့ အနိုင်ရလဒ်ကိုတော့ ရအောင် မယူနိုင်ခဲ့ပါဘူး။
ပြုပြင် ပြောင်းလဲရေး ကာလ ဆိုပေမယ့် ခု အနေအထားကြီးက သိပ်တော့ မဟုတ်သေးဘူးလို့ ထင်မြင်မိပါတယ်။ ယာယီ နည်းပြတွေနဲ့ဆိုရင် ရလဒ်တွေ ကောင်းလေ့ ရှိသလောက် အမြဲတမ်းနည်းပြတွေနဲ့ကြ ရလဒ်တွေ ဘာလို့ ဆိုးနေတာလဲက မပြောတတ်တော့ပါဘူး။ ဒီအသင်းကို ချစ်မိ၊ အားပေးမိမှတော့လည်း ဒီဒုက္ခတွေကို ခံရုံပေါ့။ အောင်မြင်ချိန် အတူ ပျော်ခဲ့ရသလို နိမ့်ကျချိန်မှာလည်း အတူတူပေါ့လေ။
Man United မှရယ် မဟုတ်ပါဘူး Man City က လည်း Crystal Palace ကို အဝေးကွင်းမှာ 2-2 သရေ ကျခဲ့ပါတယ်။ Manchester ညီအကိုတွေ ကံဆိုးနေပုံပါပဲ။ Forest ကတော့ United ကို အနိုင်ရပြီး အမှတ်ပေးဇယား အဆင့် 5 နေရာမှာ ရပ်တည်နေပါတယ်။
ကိုယ့်မှာ ဆိုင်ကယ် လဲလိုက်၊ Phone ကွဲလိုက်၊ အကောင် ကိုက်လိုက်နဲ့ ကံတွေဆိုးလှပြီ ဆိုနေမှ ကိုယ် အားပေးတဲ့ အသင်းကလည်း အခြေအနေက မကောင်းနေပြန်ပေ။ အော် ကံရယ်။
ဒီနေ့ မြန်မာစံတော်ချိန် ညနေ 6 နာရီခွဲမှာတော့ Man United women vs Liverpool women အသင်းတို့၏ ပွဲစဉ် ရှိ၏။ ပြီးခဲ့သော တပတ်မှာ Chelsea women အသင်းကို ရှုံးခဲ့တဲ့ United တို့ ဒီတပတ်မှာ Liverpool ကို အနိုင်ယူနိုင်မလားပေါ့။ လက်ရှိ အမှတ်ပေး ဇယားမှာတော့ သူတို့ နှစ်သင်းက အထက်အောက်။ United က 15 မှတ်နဲ့ အဆင့် 5 Liverpool က 9 မှတ်နဲ့ အဆင့် 6 ကဲ ဘယ်လို ရလဒ် ထွက်လာမလဲကတော့ စောင့်ကြည့် အားပေးရုံပေါ့။ ညီလေးတွေကတော့ စိတ်ဒုက္ခ ပေးသွားပြီ ညီမလေးတွေကကော။