ကော်ဖီသောက်ရင်း ရေးတဲ့စာ

in #hive-1221332 years ago

ဘယ်အချိန် ကော်ဖီ သောက်လေ့ ရှိလဲ...
တနေ့ ဘယ်နှယ်ခွက် သောက် ဖြစ်လဲ...

ကျနော်က တနေ့ အနည်းဆုံး တခွက်တော့ ပုံမှန် သောက် ဖြစ်၏။ အပြင်သွား ဘာညာ ဆိုင်ထိုင်ဖြစ်တဲ့အခါမျိုးဆို တခွက်ထက် ပိုသွားရော။ ဘယ်ဆိုင်မှာ ဘယ်လိုပဲ သောက်ခဲ့ သောက်ခဲ့ အိမ်မှာ ကိုယ့်ကို ဖျော်သောက် ဖြစ်သေး၏။ ကိုယ့်ကို ဖျော်ထားတဲ့ ကော်ဖီလေး သောက်လိုက်ရမှ စိတ်က ဘဝကျချင်သကိုး။ ကော်ဖီကို ခွက်အကြီးကြီးနဲ့ ခပ်လေးလေး ဖျော်ပြီး ခပ်ဖြည်းဖြည်း သောက်ရတာကလည်း အရသာ တပါးပဲ။ စာဖတ်ရင်း၊ ရုပ်ရှင် ကြည့်ရင်းပေါ့။

တချို့ကတော့ မနက်ခင်းကို ကော်ဖီနဲ့ စတင်လေ့ ရှိကြတယ်။ စစ်တမ်းတွေအရ မနက် အိပ်ရာ ထထချင်း ကော်ဖီ သောက်ရင် ကော်ဖီရဲ့ အာနိသင် အပြည့်မရတတ်ဘူး ဆိုကြပြန်ရော။ ကိုယ်တွေကတော့ သောက်ချင်တဲ့အချိန် သောက်လိုက်တာပါပဲ။ ဒါပေမယ့် နေ့လည်ခင်းပိုင်းတွေမှာ သောက်ဖြစ်တာ များပါတယ်။ boost ပြန် လုပ်ဖို့ လိုအပ်တဲ့ အချိန် အပိုင်းအခြားလေးပေါ့။ ကော်ဖီ သောက်ပြီးရင် တဖန် ပြန်လည် လန်းဆန်းလို့ အတွေးသစ် အမြင်သစ်တွေလည်း ရစေပြန်ပါတယ်။

ကျနော့် အသိတယောက်ဆို မနက်ခင်း အိပ်ရာထ တာနဲ့ ကော်ဖီ စသောက်တော့တာပဲ။ သတိရရင် ရသလို သောက်တာ။ အလုပ် လုပ်ရင်း စိတ်ပင်ပန်း၊ စိတ်ရှုပ်လာရင် သောက်ပြီပဲ။ သူက ကော်ဖီကို ဘာမှ ထပ်မဖြည့်၊ မရောတော့ဘဲ သောက်တာ။ သကြား၊ နို့ဆီ၊ ကော်ဖီမိတ် အစရှိတဲ့ ဘာမှကို မထည့်တာ။ ကော်ဖီကို နှပ်ပြီး ဒီအတိုင်းပဲ သောက်တာ။ အနေတော် တခွက်စာ နဲ့ နာရီပိုင်း တခါလောက်ကို သောက်တာ။ ဖျော်လွန်း၊ နှပ်လွန်းလို့ သူ့ ကော်ဖီစက် လက်ကိုင်လေးဆို မီးအပူရှိန်ကြောင့် နဂိုရုပ်ပင် မပေါ်တော့ပေ။ ကော်ဖီကို ခပ်ပြင်းပြင်း ကြိုက်တဲ့ ကျနော်တောင် သူ့ ကော်ဖီကို မသောက်နိုင်ဘူးရယ်။ ဘာမှမှ မပါဘဲကိုး။

ပြီး သူက တဦးတယောက်ကို ကော်ဖီ ဖျော်တိုက်ခဲတယ်။ အကယ်၍ ဖျော်ပေးပြန်ရင်လည်း သူ့ ကော်ဖီကို ဘာဘာညာညာတွေ ထပ်ဖြည့်ရင်လည်း မေးငေါ့တယ်၊ ဘာလို့ ကော်ဖီကို ဖျက်ဆီး လိုက်တာလဲတဲ့။ သူ့ရဲ့ ကော်ဖီ အပေါ် စွဲလန်း မြတ်နိုးမှုကြီးကတော့ သြချပါ၏။ တနေ့ကုန် သတိရရင် ရသလို သောက်သည် ဆိုပေမယ့် ညနေခင်း ၆ နာရီ နောက်ပိုင်းဆို သူ ကော်ဖီ မသောက်တော့ပေ။ သူကား ကော်ဖီ အပြင် ရေကိုလည်း အတော်လေး သောက်သူ ဖြစ်၏။

ယနေ့ချိန်မှာတော့ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင်တွေထက်စာရင် ဘီယာဆိုင်တို့ ဘားတို့ ဘာတို့ ပိုများလာသည်ထင်။ လက်ဖက်ရည်ဆိုင် ယဥ်ကျေးမှုကနေ ဘီယာဆိုင် ယဥ်ကျေးမှု အထိ ဖြတ်သန်းခဲ့ဖူးပါရဲ့။ ခုတော့ ဘယ် ယဥ်ကျေးမှုဆီသို့ ဆိုက်ရောက်နေသနည်းကတော့ ကျနော်လည်း မသိတော့ပေ။ ခေတ်၏ အရွေ့က လိုက်မှီနိုင်ဖို့ ခက်သား။ ကော်ဖီဆိုင် ယဥ်ကျေးမှုဆိုပြီး တသီးတသန့်ကြီးတော့ ပြောရခက်မည် ထင်၏။ ကော်ဖီဆိုင် ယဥ်ကျေးမှုရှိခဲ့တာကို ကျနော် မသိတာလည်း ဖြစ်ကောင်း ဖြစ်မည်။

မည်သို့ပင် ဆိုစေကာမူ ကော်ဖီ ချစ်သူတွေနဲ့ ကော်ဖီဆိုင်လေးတွေကတော့ သူ့ပရိတ်သတ်နဲ့သူ ခရီးဆက်နေဦးမှာ အသေအချာပင်။ ခေတ်တွေ၊ အချိန်တွေ၊ နေရာတွေ ဘယ်လိုပင် ပြောင်းပြောင်းပေါ့။

ကျနော်တို့လို ကော်ဖီဆိုင် မဟုတ်သည့် ကော်ဖီ ယဥ်ကျေးမှုထဲ ပျော်ဝင်စီးမျောနေသူတွေလည်း ရှိနေပေလိမ့်ဦးမည်။ ဘယ်ရောက်ရောက် ကော်ဖီ သောက် ဆိုသလိုပေါ့။ လက်ဖက်ရည်ဆိုင်မှာတောင် ကော်ဖီပဲ မှာသောက် ဖြစ်သလိုမျိုး။ အို... Rum ကိုတောင် ကော်ဖီနဲ့ပဲ ရောသောက်ချင်တယ် ဆိုတာမျိုးပေါ့။

ကော်ဖီဆိုလို့ ပြီးခဲ့သော စနေနေ့က coffee ဆိုင်မှာ English စာ၊ စကား စမြည်ပြောတဲ့ အစီအစဉ်လေး တခုကို တွေ့လိုက်မိ၏။ အရင်ကတော့ အသင်းအဖွဲ့တွေ အနေနဲ့ နေရာတခုခု၊ စာကြည့်တိုက် တခုခုမှာ English Conversation အစီအစဉ်လေးတွေ အပတ်စဥ် လုပ်ကြတာမျိုး ရှိပါတယ်။ ခေါင်းစဉ် တခုခု၊ အကြောင်း အရာရာ တခုခုနဲ့ ပတ်သက်ပြီး အမြင်တွေ အတွေးတွေ ဖလှယ်ကြတာမျိုးလေးပေါ့။ ဒါပေမယ့် ခုလို ကော်ဖီ ဆိုင်မှာ လုပ်တာလေးကတော့ တမျိုးတဘာသာလေး ဆန်း၏။

ဒီလို English Conversation ကို @The Coffee Club ကနေပြီး ဦးဆောင် လုပ်ပေးကြောင်း သိရပါတယ်။ မြို့တော်တော်များများမှာ ဒီအစီအစဥ်လေးက အတော် ခရီးပေါက်ထားပါပြီ။ တောင်ကြီးမှာတော့ ပြီးခဲ့သော စနေက ပထမဆုံးလို့ သိရပါတယ်။ အပတ်စဥ် ဒါမှမဟုတ် နှစ်ပတ် တကြိမ် အစရှိသဖြင့် နေရာ၊ ဒေသပေါ် မူတည်ပြီး ပုံမှန်လေး ပြုလုပ်လေ့ ရှိပါတယ်။ အသေးစိတ်ကိုတော့ The Coffee Club ရဲ့ page မှာလည်း စုံစမ်းကြည့်နိုင်ပါတယ်။ ဒီပိုစ့်ရဲ့ comment မှာလည်း page link ကို ထည့်ပေးထားပါမယ်။

ကော်ဖီ သောက်ရင်း ဘိလပ်လို ပြောကြတာပေါ့ ဗျာ။ ကျနော်ကတော့ ချစ်တဲ့ အကြောင်းပဲ ပြောတတ်တယ်။ ကော်ဖီ ချစ်သူများ အသိ၊ အတွေး၊ ခံစားမှု တစုံတရာ တခုခု ရရှိနိုင်ပါစေ။

#Coffee
#TheCoffeeClub
#FoodMyChoice
#PhyoeBakerySupply

Sort:  

Yay! 🤗
Your content has been boosted with Ecency Points, by @donjaun.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

!hiqvote

!LOLZ !LUV

@foodmychoice, @uthantzin(3/10) sent you LUV. | tools | discord | community | HiveWiki | NFT | <>< daily

Made with by crrdlx

Did you hear about the happy Roman?
He was gladiator.

Credit: reddit
@foodmychoice, I sent you an $LOLZ on behalf of @uthantzin

(6/8)

PLAY & EARN $DOOM

@donjaun, the HiQ Smart Bot has recognized your request (1/2) but the daily limit has been reached or the mana is too low. Try again later.

As a consolation, @foodmychoice gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻