Rum Sour

in #hive-1221332 years ago

"September 5 " ရက်နေ့

ဟုတ်တယ် အဲ့နေ့၊ အဲ့နေ့ကို ကောင်းကောင်း မှတ်မိနေတယ်။ ဆိုင်လန်ဇာက ရန်ချိုကို စိန်ခေါ်ခဲ့တဲ့နေ့။ 3 Idiots လို့ ပြောသံကြားလိုက်ရုံနဲ့ ကျနော်တို့ မျက်လုံးတွေ အရောင်လတ်၊ နှုတ်ခမ်းတွေ ကွေးသွားပြီး၊ ပျော်ရွှင်ခြင်း တက်ကြွခြင်း ချစ်ခြင်းမေတ္တာတွေ တပါတည်း တပြိုင်နက်ထဲ ပြန်လည်ဖြစ်ပေါ် ခံစားမိသွားကြရော။

ကျနော်က တော်ရုံဆို ဇာတ်ကားတွေထဲက သီချင်းတွေကို သိပ်အာရုံ ထားလေ့ မရှိဘူးရယ်။ ဇာတ်ကား ကြည့်တုန်းလေးပဲ သီချင်းလေး ကောင်းတယ် ဘာညာ ဒီလောက်ပဲ။ ဒါပေမယ့် 3 Idiots မှာတော့ အဲ့လို မဟုတ်ဘူး အဲ့ထဲက သီချင်းတွေ အကုန်လုံးကို ကြိုက်တယ်၊ နားထောင် ဖြစ်တယ်။ ပြောရရင် ကျနော့် playlist ထဲမှာ အဲ့သီချင်းတွေက အမြဲနေရာယူနေမယ့် သီချင်းတွေပဲ။ ဇာတ်ကားထဲက သီချင်းတွေ အားလုံးကို တခုတ်တရ နဲ့ download လုပ်ပြီး ထပ်ခါထပ်ခါ နားထောင် ဖြစ်တာဆိုလို့ 3 Idiots နဲ့ Moana ထဲက သီချင်းတွေပဲ ရှိမယ်။

ထားပါ။ Sep 5 ကို ပြန်သွားရအောင်။ နို့ ဒါပေမယ့် ခုက မတ်လ (၂) ရက်နေ့ကြီးလေ ဘာမှ မှ မဆိုင်ဘဲ။ ဒါလည်း ဟုတ်တာပဲ။ ဆိုင်တော့ မဆိုင်ပေမယ့် ဆက်ပြောခွင့် ပြုပါလေ။

(၃) ယောက်သား အရက်တွေ သောက်ကြပြီး ရန်ချိုတယောက် ဗိုင်းရပ်ရဲ့ သမီး ဒေါက်တာမလေးကို ရည်းစား စကား သွားပြော၊ ဗိုင်းရပ် နိုးလာ၊ အဲ့မှာ (၃) ယောက်သား ထွက်ပြေး အဆောင် ပြန်မရောက်ဘဲ နီးစပ်ရာ စာသင်ခန်း တခန်းထဲ ဝင်ပြေးကြ၊ မူးပြီး အိပ်ပျော် မနက်ကို စာသင်နေချိန်မှ ထပြီး နိုးလာရော။ ဗိုင်းရပ်ကြီး ဝင်ချလာပြီး ညက ကိစ္စကို အခန်းဆက် ပြန်ရိုက်၊ စစ်ဆေး ပြန်ရော။ အဲ့မှာ ဆရာသမားတွေရဲ့ ပုလင်းခွံက ဆိုင်လန်ဇာ ခြေရင်းကိုရောက်။ လာပြီ ပုလင်းလေး မြှောက်ပြပြီး ဆိုင်လန်ဇာက Sir Rum...

ခုမှ ဆိုင်တာလာပြီ။ ဟုတ်ပါတယ် ဒီနေ့တော့ coffee အစား rum အကြောင်း ပြောင်းပြောကြည့်ရအောင်။ အရင်တပတ်က အပြောင်းအလဲက ဒီတပတ်အထိ ပါလာလို့ပါ။ rum ကိုမှ rum sour အကြောင်း ပြောကြရအောင်။ တခြားတော့ မဟုတ်ပါဘူး rum sour သောက်တိုင်း ဆိုင်လန်ဇာရဲ့ Sir Rum ဆိုတာကြီး သွားသွား သတိရမိနေလို့ပါ။

rum sour ရတဲ့ ဆိုင်လေးတွေမှာ rum sour သောက်ဖြစ်တဲ့ အကြောင်းလေးတွေ ပြောကြရအောင်။ တခုတော့ ကြိုပြောပါရစေ။ ဒါက ဆိုင် review မဟုတ်ပါဘူး။ ဒီဆိုင်တွေက ညွှန်းပြစရာ မလိုအောင် လူတော်တော်များများက သိနေပြီးသား ဆိုင်လေးတွေ မလို့ပါ။

ဒီဆိုင်လေးတွေမှာ သောက်ခဲ့ရတဲ့ rum sour လေးတွေနဲ့ ပတ်သက်ပြီး တကိုယ်ရည်စာ ခံစားချက်လေးတွေ ပြောချင်လို့ပါ။ ဆိုင်က (၃) ဆိုင်ပါ။ (၃) ဆိုင်လုံးရဲ့ rum sour ကို ကျနော်ကတော့ ကြိုက်ပါတယ်။ taste တွေကတော့ တဆိုင်နဲ့ တဆိုင် မတူနေပါဘူး။ အရသာ၊ အပြင်း အပျော့က ပြန်ပြင်ခိုင်းလို့ ရပေမယ့် ဘာမှ မပြင်မဆင်ဘဲ ပုံမှန်အတိုင်း မှာပြီး သောက်ကြည့်ခြင်းကနေ မတူညီသော rum sour တွေကို ကျနော်တို့ မြည်းစမ်း ကြည့်နိုင်ပါတယ်။

BPM, K နဲ့ A&J Bistro

ဒီ (၃) ဆိုင်မှာ rum sour သောက်ကြည့်ဖူးခဲ့ပါတယ်။ ဆိုင်လေးတွေက ကိုယ်စီ ကိုယ်စီ ပုံမှန် ပင်တိုင် အားပေးသူတွေနဲ့ ညစဥ် စည်စည်ကားကား ရှိလှပါတယ်။ တချို့ရက်တွေဆို ဝိုင်းတွေ အကုန် ပြည့် နေတတ်ပါတယ်။ ဥပမာ သောကြာ၊ စနေ ညတွေနဲ့ လကုန်၊ လစာထုတ်ရက်လို နေ့တွေမျိုးပေါ့။

သောက်သောက်စားစား ကြီးရယ်လို့ မဟုတ်ပေမယ့် ကြာကြာနေ တခါတလေမျိုးတော့ သောက်ဖြစ်ပါတယ်။ ကျနော်တို့က သောက်ချင်လို့ စားတာ မဟုတ်ဘဲ စားချင်လို့ သောက်တာပါ။ ဘယ်ဆိုင် ထိုင်ထိုင် (စားစရာ) အမြည်းကို သေချာမှာလေ့ ရှိပါတယ်။ (၃) ဆိုင်လုံးရဲ့ rum sour taste က မတူသလို ရနိုင်တဲ့ အမြည်းတွေလည်း မတူပါဘူး။ အဲ့မှာ စတာပဲ။ တညထဲ (၃) ဆိုင်လုံးကလည်း လှည့်လည်ပြီးတော့ မထိုင်နိုင်။ (၃) ဆိုင်လုံးမှာ ရနိုင်တဲ့ စားစရာတွေကိုလည်း စားချင်နဲ့။ နောက်ဆို စားချင်တဲ့ဟာတွေ ပါဆယ် ထုပ်လာပြီး တဆိုင်၊ တနေရာမှာ ထိုင်လိုက်ဖို့ တွေးထားတယ်။

သံပုရာ ရနံ့ နဲ့ သံပုရာ အရသာ ပိုကဲတာမျိုး ကြိုက်ရင် K bar သွား (မွှေးမွှေး လန်းလန်းလေး ပြီးရင်တော့ ကြည်ကြည်လင်လင် မူးပေါ့) ၊ ဝက် နေတလှမ်းကြော် အမဲ နေတလှမ်းကြော်လေးတို့နဲ့ ကွက်တိ။ သိပ်ပြီး မသောက်နိုင်၊ မသောက်တတ်သေးသူဆိုရင်တော့ A&J Bistro bar သွား (ကျနော်တို့ သူငယ်ချင်းတွေ အတွက်တော့ သူ့ rum sour က ပျော့နေသလို ခံစားရလို့ပါ)၊ မြေပဲမွှေးကြော် သီဟိုစေ့ကြော် ခရမ်းသီးကင်နဲ့ ကွက်တိ။ ခရမ်းသီးကင်ကို ကြက်သွန်ကြော်လေးတွေ အုပ်ဖြူးဖို့လည်း မမေ့နဲ့ဦး။ ခပ်လေးလေး ခပ်ပြင်းပြင်း ကြိုက်ရင်တော့ BPM bar သွား (ကျနော်တို့က နောက်ပိုင်းဆို နည်းနည်းတောင် ပိုပြင်း ပေးဖို့ မှာတတ်နေပြီ)၊ ကြက်တောင်ပံကြော်နဲ့ ဆို ကွက်တိ။ ခရုဟင်းရည်လေးလည်း ရတယ်။ cute သွားမှာစိုးလို့ ကျနော်တို့က သိပ်စားလေ့ မရှိဘူး။ အရင်က အမဲအူပြုတ်တွေ ဘာတွေလည်း ရတယ်။ BPM မှာ ထိုင်ရင်တော့ စားစရာ အတွက်က သိပ်ပူစရာ မလိုပါဘူး။ ဆိုင်က အကင်တန်းမှာ ရှိနေတာကိုး။ ကျနော်တို့ BPM မှာ ထိုင်ဖြစ်ရင် စိန်ထူးက အသားကင်သုပ်နဲ့ တွဲပြီး သောက်ဖြစ်လေ့ ရှိတယ်။

ဆိုင်တွေမှာ အခြား စားစရာလေးတွေလည်း ရှိပါသေးတယ်။ တကယ်လည်း စားလို့ ကောင်းပါတယ်။ အရင်က ရတဲ့ စားစရာ တချို့ မရတော့ပေမယ့်၊ အသစ် ထပ်တိုးထားတာလေးတွေလည်း ရှိပါတယ်။ နောက်များ အခွင့်ကြုံခဲ့ရင်တော့ တဆိုင်ချင်းစီ အတွက် ပိုစ့်လေးတွေ သီးသန့်ရေးပါဦးမည်။

(Alcohol ဖြစ်သဖြင့် အသက်မပြည့်သေးသူများ မသောက်သုံးသင့်ကြောင်းကတော့ အထူးပြောဖို့ လိုမည် မထင်ပေ။ တန်ဆေး လွန်ဘေး ဆိုသည့် အတိုင်း ထိန်းထိန်းသိမ်းသိမ်း ချင့်ချိန်ပြီးတော့ သောက်သင့်ပါ၏။ အပျော်၏ အလွန်မှာ အပျက် ရှိသဖြင့် အပျော်အဆင့်မှာတင် ရပ်ပြီး ပျော်ရွှင်နိုင်ကြပါစေ။ သူငယ်ချင်းတွေထဲမှာက မူးလာရင် ရည်းစားဟောင်းတွေကို ph ဆက်ကြသူတွေ၊ Facebook friends list ထဲက ကောင်မလေးတွေ အယောက်စေ့ ရည်းစား စကားပြောတဲ့သူတွေ၊ မူးရင် ရည်းစား ရတတ်သူတွေ ရှိလို့ပါ။

မသောက်တတ်သူများ အတွက် ယခုပိုစ့်က တစုံတရာ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ရင် တောင်းပန်ပါ၏။ တောင်းပန်လည်း မကျေနပ်ဘူး ဆူမှာပဲ ဆိုသူများ အနေဖြင့် ယခုပိုစ့် အောက်နှင့် page chat box ကနေ မဆူကြဘဲ ဆိုင်မှာ ပစ္စည်းလာဝယ်ရင်း တပါတည်း ဆူနိုင်ကြောင်း ပြောလိုပါ၏။ chat box ကနေပဲ ဆူချင်ပါတယ် ဆိုသူများ အတွက်လည်း ပစ္စည်းမှာရင်း တပါတည်း ဆူသွားနိုင်ပါ၏။ အပြင်မှာ ဆိုင်ထိုင်ရင်း ဆူမယ်ဆိုလည်း အခု ပြောထားသည့်ဆိုင် (၃) ဆိုင်ထဲက တဆိုင်ဆိုင်ကို ရွေးနိုင်ကြောင်း ထပ်လောင်း ပြောကြားလိုပါ၏။)

ဆိုင်လိပ်စာများ

"BPM"
စိုက်ပျိုးရေးရုံးဘေးလမ်း (သီတာလမ်း) ၊ အကင်တန်း၊ မင်္ဂလာဦးရပ်ကွက်၊ တောင်ကြီးမြို့။

BPM LOUNGE
09 791 228655
https://maps.app.goo.gl/2oR49GAPuo594rEX9

"K"
မဟာ ဗန္ဓုလလမ်း၊ နန်းထိုက်ရွှေစင် မျက်နှာချင်းဆိုင်၊ ညောင်ရွှေဟော်ကုန်းရပ်ကွက် ၊ တောင်ကြီးမြို့။

https://www.facebook.com/profile.php?id=100085228667493&mibextid=ZbWKwL

K Bar
09 42832 9899
https://maps.app.goo.gl/q1GdnxBc2my2tGC89

A&J Bistro
ကမ္ဘောဇလမ်း၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့။

https://www.facebook.com/ajbistro.tgi/?mibextid=ZbWKwL

A&J Bistro
https://maps.app.goo.gl/tmxJtkngXEuHfRkJ9

#RumSour
#BPM
#K
#A&J
#FoodMyChoice
#PhyoeBakerySupply

Sort:  

!hiqvote

@donjaun, the HiQ Smart Bot has recognized your request (2/2) and will start the voting trail.

In addition, @foodmychoice gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

Congratulations @foodmychoice! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You distributed more than 100 upvotes.
Your next target is to reach 200 upvotes.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Our Hive Power Delegations to the February PUM Winners
Feedback from the March Hive Power Up Day
The Hive Gamification Proposal
Support the HiveBuzz project. Vote for our proposal!