အားအားယားယား တောကစား ထွက်ခဲ့တာတော့ မဟုတ်ဘူး။
တောထဲမှာ သဘာဝအလှတရားလေးတွေ မြင်တွေ့ရဖို့ ကျွန်တော် တောလည်ထွက်ခဲ့လိုက်တယ်။
ဟော တွေ့ပါပြီ။
တောလမ်းဘေး ခြုံတန်းက ကျွန်တော့် အရပ်ထက် မြင့်သော အပင်တစ်ပင်မှာ ပန်းတွေ ဝေဆာစွာ ပွင့်နေကြတယ်။
ဘာပန်းလဲတော့ သိဘူး။
တောမှာ ပွင့်တဲ့ပန်း တောပန်းပေါ့ ဟုတ်ဘူးလား။
ဟုတ်တယ်လေ မေမြို့က ပန်းအချို့ကို မေမြို့ပန်း လို့ ခေါ်ကြသေးတာကို။
ဖွေးဖွေးရွရွ လှနေကြတယ် မဟုတ်လား။
ရွာနဘေး ခြုံတန်းမှာလည်း ပန်းဖြူတွေ ပွင့်ဝေနေပါတယ်။
ဒါကတော့ စွယ်တော်ပန်း ပါ။
နှစ်လွှာပေါင်းမှ တစ်ရွက် ဆိုတဲ့ စွယ်တော်ပင်က ပွင့်ဝေနေကြတာ လှသလားလို့ပါနော်။
ကဲ ကျုပ်ကတော့ တောလည်တခေါက် ပန်းနှစ်မျိုးနှစ်စားနဲ့ လမ်းသလားခဲ့ပါပြီ။
သာယာပျော်ရွှင်ကြပါစေ ချစ်တို့ရေ။