Hive ဈေးက သုံးဆယ့်သုံးပြား ရောက်လာပြန်သည်။
လေးဆယ့်လေးပြားတုန်းက မရောင်းလိုက်ရပါ။
ကိုယ်တွေက သုံးဒေါ်လာ၊ ဒေါ်လာ
သုံးဆယ်ဖြစ်မှ ရောင်းမည်ဟု စိတ်ကူးထားသည်။
တွက်ရေးက စက်သူဌေး ဆိုလာ။ တွက်ကြည့်တော့
သုံးဒေါ်လာတော့မရောက်သေး။ ပြားသုံးဆယ်
သို့ တဖန် ပြန်ရောက်ခဲ့ပေသည်။
Hive ဈေး သုံးဒေါ်လာ၊ ဒေါ်လာသုံးဆယ်သို့
မည်သည့်အချိန်မှာ ဖြစ်မည်မသိ။ ကျွန်တော့်
ရည်မှန်းချက်ကတော့ ယခုနေ ပြားလေးဆယ်၊
ပြားငါးဆယ်ရောက်ရှိပါမူ အပြေးအလွှား
သွားရောင်းပေမည်။ Hive ဈေး သုံးဒေါ်လာ၊
ဒေါ်လာသုံးဆယ် မရောက်မီ ရည်မှန်းချက်က
ပျက်ချင်သည်။
အမှန်က လောဘကို အတောသတ်မှသာလျှင်
လောင်းကစားကို အဆုံးသတ်နိုင်မည်။ ကျွန်တော်
တို့၏ Crypto Trade ခြင်းကိုလည်း လောဘ
သတ်နိုင်လျှင် အတော်ကို အဆင်ပြေမည်ဟု
ခန့်မှန်းရပါသည်။ စကားကြီး စကားကျယ်
များပြောနေတာ။ ကိုယ်တွေ Trade သည်မှာ
နှစ်ခါလား လုပ်ဖူးသည်။
ပထမအကြိမ် Trade စဉ်က Binance မှာ
Trade တတ်အောင် အစမ်းလေ့ကျင့်ခြင်း
ဖြစ်သည်။ ထိုအချိန်က Trade ကို ကလိကြည့်
တာဆိုတော့ ကိုယ့်ငွေထဲမှပင် ပါသွားသည်။
တိုကင်တို့ ကွိုင်းတို့သည်က အများအားဖြင့်
ညဖက်အချိန်မှာ ဈေး အတက် အကျဖြစ်သည်။
ကိုယ်တွေက ညမှာဖုန်းကြည့်နည်းသည်။
ဒီတော့ တိုကင်များ ဈေးတက်နေချိန်မှာ
ကိုယ်တွေက အိပ်နေချိန်ဖြစ်သည်။
မနက်အချိန်မှ ကြည့်မိတော့ ဈေးကတက်သလိုလို
မတက်သလိုလိုဖြစ်နေသည်။ Trade လုပ်
မည့်သူက ဈေးကွက်ကို မျက်ခြေမပျက်ကြည့်
မှဖြစ်သည်။ မည်သည့်အလုပ် လုပ်သည်
ဆိုစေ ထိုအလုပ်ကို သေချာစွာ လေ့လာ
ပါလျှင် ပို၍လွယ်ကူ အဆင်ပြေသည်။
လုပ်ငန်းများကို ကံ၊ ဉာဏ်၊ ဝီရိယလည်း ပါတော့
ပိုပြီးအဆင်ပြေပေမည်။ ယခုလောလောဆယ်မှာ
ဟိုက်ဈေး ပြားငါးဆယ်ဖြစ်ဖို့အရေး တို့အရေးပင်။
မူလ ရည်မှန်းချက် Hive ဈေး သုံးဒေါ်လာ၊
ဒေါ်လာသုံးဆယ်ကို ခဏ မေ့ထားရပေမည်။
စိတ်ထဲက ဖြစ်စေချင်တာ။ ဖြစ်နေတာက
ပြားသုံးဆယ် တနေ့နေ့တော့ ရည်မှန်းချက်
အတိုင်း ရောက်လာမှာပေါ့။ ပိုစ့်တင်ရင်း
စောင့်စားရင်းဖြင့်။
@htwegyi
December 22, 2024