မီခါနှင့် အနာတဟန်

in #hive-1221332 months ago

တနေ့က တူမ၏သူငယ်ချင်းဖြစ်သူသည်
စာအုပ်များယူလာသည်။ ထိုတူမသူငယ်ချင်း
ကလည်း သူ့ သူငယ်ချင်းထံမှ စာအုပ်များယူ
လာခြင်းဖြစ်သည်။ ထိုသူငယ်ချင်းထံတွင်
စာအုပ်များ များစွာရှိသည်ဟုပြောသည်။
ယခု သူယူလာသော စာအုပ်များအနက်မှ
အောက်ဖော်ပြပါ စာအုပ်နှစ်အုပ်ကို ယူဖတ်မိသည်။

ပထမတစ်အုပ်က
စိန်ဝင်းစိန် ၏
ဝါဆောက ရုပ်သေးဆရာလေး။

EVA WEAVER
The Puppet Boy Of Warsaw
ကို ဘာသာပြန်ထားသည်။

နာဇီ ဂျာမနီ က ဂျူးလူမျိုးများကို သတ်ဖြတ်
နှိပ်စက်ထားသည့်အကြောင်းအရာကို ရေးသားထားသည်။
ထိုနှိပ်စက်သတ်ဖြတ်ခံရသူ
ဂျူးလူမျိုးများမှ ဂျူးလူငယ်တဦး၏
ဂျူးကလေးငယ်များကို စွန့်စားစွာ ကယ်တင်ထား
သည်ကို ရေးသားထားသည်။ မီခါ အမည်ရှိ ဂျူး
လူငယ်လေးသည် သူ့အဘိုးဖြစ်သူ၏ ကုတ်အင်္ကျီနှင့်
ရုပ်သေးရုပ်လေးများကို အစပြုထားသည်။

သူ့အဘိုး၏ ကုတ်အင်္ကျီကြီးကို ဝတ်ကာ
ထို ကုတ်အင်္ကျီအတွင်းသို့ ဝှက်၍
ဂျူးကလေးငယ်များကို ကယ်တင်ခဲ့သည်။
ထိုသို့ကယ်တင်ရာတွင် ဂျာမနီစစ်သားတဦး၏
အဆက်အသွယ်နှင့် ကယ်တင်ခွင့်ရခဲ့သည်။
ထိုဂျာမနီစစ်သားက မီခါကို သူ့တို့စစ်တပ်မှာ
ရုပ်သေးပြရန်ခိုင်းစေခဲ့သည်။

စာရေးသူက ပထမပိုင်းမှာ ဂျူးလူမျိုး မီခါ
အကြောင်း ရေးသားထားပြီး ဒုတိယပိုင်းမှာ
ဂျာမနီစစ်သားအကြောင်း ရေးသားထားသည်။
ဂျာမနီစစ်သားသည်လည်း ရုရှတို့၏ စစ်သုံ့ပန်းအဖြစ်
ဖမ်းဆီခံရသည်။ ဂျာမနီစစ်သား မက်ခ် သည်
ဆိုက်ဘေးရီးယား အဖြူရောင်ငရဲသို့ ပို့ဆောင်
ခြင်းခံရသည်။

မက်ခ်သည် ဆိုက်ဘေးရီးယားမှ ထွက်ပြေး
လွတ်မြောက်လာသည်။ မက်ခ် သည် မီခါ
ထံမှယူခဲ့သော မင်းသားရုပ်သေးရုပ်လေးကို
အကြောင်းပြု၍ ဇာတ်သိမ်းထားသည်။
မက်ခ်၏ မြေးမက မင်းသားရုပ်သေးရုပ်ကို
မီခါထံပြန်ပေး၍ ဇာတ်‌သိမ်းခဲ့သည်။

ဒုတိယစာအုပ်သည် ၁၉၈၅။ အမျိုးသားစာပေ
ဘာသာပြန်(သုတ) ဆုရစာအုပ်ဖြစ်သည့်

စိန်ခင်မောင်ရီ၏ အနာတဟန် (မြန်မာပြန်)
ဖြစ်သည်။

Michiro
Maruyama
အား ဘာသာပြန်ထားသည်။

ဂျပန်လူတစု၏ ကျွန်းကြီးတခုတွင် ခုနှစ်နှစ်တိုင်တိုင်ခက်ခဲကြမ်းတမ်းစွာ နေထိုင်ခဲ့ရသော ဘဝကို
ရေးသားထားသည်။ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ
မာရီယာနာကျွန်းစုအလယ် အနာတဟန် အမည်ရှိသော
ကျွန်းကြီးပေါ်ဝယ် ဒုတိယကမ္ဘာစစ်ကြီး
ပြီးသည့်ကို မသိ၊ ပြောသည်ကို လက်မခံ၊
ဒုက္ခမျိုးစုံနှင့် ကြုံတွေ့ရပုံကို ရေးသားထားခြင်းဖြစ်သည်။

စာအုပ်များ ဖတ်ပြီး မျက်စိများလည်း ပြာဝေ
ညောင်းညာခဲ့သည်။ စာမဖတ်တာကြာတော့
မျက်လုံးများက အနည်းငယ်ဝေးဝါးသည်။
ဂျာမနီစစ်သား မက်ခ်၏ ဆိုက်ဘေးရီးယား
၌ ရာသီဥတုချမ်းအေး အေးခဲသည်ကို
ဖတ်ရသောအခါ မြန်မာပြည်မှ သံဖြူဇရပ်
ချွေးတပ်ဆွဲသည်ကို နှိုင်းယှဉ်မိသည်။
သူတို့က အအေးမှာ ငရဲဖြစ်သည်။ ကိုယ်တွေ
ထံက အပူမှာ ငရဲကျသည်။ စစ်ဆိုသည်က
အားလုံး ငရဲကျသည်က အတူတူပါပေ။

@htwegyi
November 7, 2024

Sort:  

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !PIMP from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻