စာရေးမည်။ ပိုစ့်တင်မည်။ တစ်ရက်ခြား
ပို့စ်တင်နိုင်အောင် ကြိုးစားမည်ဟု စိတ်ကူး
ခဲ့သည်။ မနေ့က ပို့စ့်တင်ရက်ဖြစ်သည်။
သို့ပေသိ ပိုစ့်မတင်ဖြစ်ပါ။ လူဆိုသည်ကလည်း
အခက်သား။ ပျင်းရိခြင်းမှာ မွေ့လျော်သည်။
အဲ့တော့ ငပျင်းတို့ ထုံးစံအတိုင်း မကြီးပွား
မတိုးတက်ပါ။ ကိုယ်တွေ ပျင်း၍ ပိုစ့်မတင်
တော့ ဗုတ်မရပေ။ ဗုတ်မရတော့ ငွေမရဘူးပေါ့။
ဒီလိုနဲ့ လုံခြာလည်လိုက်နေသော ဘဝမှာ
နေသာကျနေတော့သည်။ တနေ့က
@prinekham ၏ပိုစ့်မှာ ဖတ်လိုက်ရသည်။
လူသည် ပုံမှန်ဘဝမှ ခွဲထွက်ကြည့်ရမည်။
ထို့အပြင် ဦးနှောက်ကိုလည်း အလုပ်ပေးရမည်။
အလုပ်ပေးရမည်ဆိုသည်ကလည်း အသစ်
အဆန်းများဖြင့် ဦးနှောက်ကို အလုပ်
လုပ်စေရန်ဖြစ်သည်။
ကိုယ်တွေ ဦးနှောက်ကို အလုပ်ပေးဖူးသည်။
ငယ်စဉ်က စာမကျက်ချင်ပဲ စာကျက်ခဲ့ရသည်။
တခါတရံ ကလေးဘဝ ပိုလိုကားများဖြင့် သုံးကားပေါင်း
မူကြီး ဟုခေါ်သည့် ဖဲကစားသည်။
အကြွေစေ့များကို မြေကြီးမှာ ထောင်ကာ
ခေါင်းထိဖို့ မျက်စိတဖက်မှိတ်၍ အကြွေ့စေ့
ဖြင့် ပစ်ခဲ့သည်။ ဒါတွေကလည်း ဦးနှောက်
ကို အလုပ်ပေးခဲ့သည်ဟု ထင်ပါသည်။
ပိုလိုကားဖြင့် ဖဲဆော့ခြင်းမှာ မူလတန်းအရွယ်
ဖြစ်သည်။ အဲ အလယ်တန်းကျောင်းသားဘဝ
မှာ တော့ ဖဲချပ်များဖြင့် ကိုးမီး၊ မူကြီး၊ ပေါ့ကာ
ဒေါင်း၍ ဦးနှောက်ကို အနည်းငယ် အဆင့်မြင့်
အလုပ်ပေးခဲ့သည်။ ကြည့်စမ်းပါဗျာ ကိုယ်တွေရဲ့
ငယ်စဉ်က ဦးနှောက်အလုပ်ပေးပုံများဖြစ်ပါတယ်။
စာကျက်ဖို့များ ဦးနှောက်ကို နည်းနည်းလေးမှ
အပင်ပန်း မခံစေရဘူး။
ဒါကြောင့်လည်း အများတကာနဲ့ မတူပေ။
ကိုယ့်ရဲ့ဦးနှောက်က ပင်ပန်းသော အလုပ်များဆို
တယ်ပြီး မလုပ်ချင်ရှာဘူး။ အင်း ငယ်စဉ်
ကတော့ ထားပါတော့ ဦးနှောက် ကို အလုပ်မပေး
ဘူးဆိုပါရင်။ ယခု ကြီးသည့်အခါမှာရော။
အဟင့် ပိုပြီး စောင်ပျင်းကိုယ်နဲ့ စောင်ပျင်း
ဦးနှောက်ပါလေ။ အတွဲညီ အလိုက်ညီပါ့။
ဖုန်းမှာ စာလေးရေးပြီး ပိုက်ဆံ၊ ငွေ ရမည့်ဟာ
ကို စောင်ပျင်းနေကြတာနဲ့ ဟိုရက်၊ ဒီရက်
ရွေ့နေတာ။
ပျင်းတော့ ဖျင်း၊ ဖျင်းတော့ အများ
နောက်ကောက်ကျတာပေါ့။ အများနဲ့
ကိုယ့်မှာ မတူ ဆိုသလို။ တခါတလေ ပျင်း
တာများရင် လူကအညွန့်ပါတုန်းသွား
စေတာကလား။ လူညွန့်တုန်းတော့ မဖြစ်
စေလို။ ကဲ ပိုစ့်တပုတ်တော့ ကြိုးစားရေးလိုက်
လိုက်အုံးစို့ရဲ့။
@htwegyi
October 12, 2024