Hive ပလက်ဖောင်းမှာ ပိုစ့်တင်သူ၊
အထူးသဖြင့် Hive-Myanmar Community
မှာ ပိုစ့်တင်သူ အတော်နည်းသည်။
နည်းဆိုပါမူ Hive သည်က ဈေးတက်ဖို့
အတော်ခက်ခဲနေသည်။ Hive ဈေးတက်ပါမူ
စာရေးပိုစ့်တင်သူ များပေမည်။
မှန်ပေသည် ဒါက သဘာဝပင်။ ထို သဘာဝ
ကို မသိသလို ပြုမူသူကတော့ ကျွန်တော်နှင့်
လက်ချိုးရေတွက်၍ ရသည့်သူအနည်းငယ်သာ
ရှိသည်။ Hive-Myanmar Community
မှာ ပိုစ့်မတင်ပါသော်လည်း အခြားသော
ကော်မတီများမှာ ပိုစ့်တင်သူများရှိသည်။
သူရို့၏ ဗုတ်များက အားကျစရာပင်။
ကိုယ်တွေပင် သူရို့ကို အားကျ၍ အခြား
ကော်မတီများတွင် သွားရောက်ပိုစ့်တင်သည်။
အဆင်မပြေပါ။ အခြားကော်မတီများသို့ အင်္ဂလိပ်
ဘာသာဖြင့် ရေးတင်ပါမူ အဆင်ပြေပါသည်။
ယခုမှ ကိုယ်တွေ နောင်တရသည်။ ငယ်စဉ်က
အင်္ဂလိပ်စာ ဖျင်းခဲ့သမျှ ယခုမှ ခံစားရ ဆိုသလို။
ငယ်စဉ်က အင်္ဂလိပ်စာ ဂရမ်မာသင်ယူပါမူ
အိပ်ငိုက်သည်။ ထိုကြောင့်ပင် အင်္ဂလိပ်စာ
ညံ့ဖျင်းခဲ့သည်။ တနေ့က ကိုယ့်ကိုကိုယ် အား
ပေးရင်း တနေ့နည်းနည်းချင်း မီးနင်းများ
ကျက်မည်ဟု စိတ်ကူးသည်။ ဖေ့ဘွတ်မှာ
ပါသော အင်္ဂလိပ်စာ၊ စကား အလွယ်ပြောနည်း
ပေ့ခ်ျများမှ စကားလုံးများကို ကျက်မိသည်။
တပတ်ခန့်သာ ကြာသည်။ ရှေ့မှ ကျက်ပြီးသော
စကားလုံးများကို မေ့သည်။ နောက်မှ စကားလုံး
များနှင့် ရောသည်။ ပျင်းတာလည်းပါသည်။
ဇွဲမရှိတာလည်း ပါသည်။ Hive မှာ ပိုစ့်တင်
စာရေးသလို ဇွဲလုံ့လရှိပါမူ ယခုဆို အနည်းငယ်
တိုးတက်နေပေမည်။
အင်္ဂလိပ်စာသာ ဖျင်းပေသည် ဒေါ်လာတော့
ရချင်သားဆိုသလို။ တလောက ဟိုက်ဈေး
တက်ပါလျှင် ထုတ်ရောင်းမည်ဟု စိတ်ကူးဖြင့်
Hive နှစ်ရာခန့် ပါဝါဒေါင်းခဲ့သည်။
ကံကောင်းချင်တော့ ကိုယ်တွေ ပါဝါဒေါင်းပြီး
သကာလ Hive ဈေးက ပြားနှစ်ဆယ်ကျော်
အနီးမှာ တဝဲဝဲလည်နေသည်။ အဲ့သလို။
သို့နှင့် ဈေးတက်နိုးနိုးပစ်ထားရာ ခြောက်လခန့်
ကြာပေမည်။ Hive ကို HBD ပြောင်း၍ Saving
လုပ်ထားပါလျှင်ပင် အတိုးရနေပေမည်။ ကိုယ်တွေက
အဲ့သလို အပေါက်အလမ်း၊ အကွက်မမြင်တတ်သူ
ပင်။ Hive ဈေး ပြားလေးဆယ်ကျော်တုန်းကလည်း
မရောင်းလိုက်ပေ။ ဒီတော့ Trader လုပ်သော်လည်း
လက်မသွက်။ ဟိုဟာ ဒီဟာ ကလိတော့လည်း
နောက်ကောက်ကျ။ ကိုယ်တိုင် တရားချရလေသည်။
Hive-Myanmar Community မှာသာ
စာရေးပိုစ့်တင် အေးအေးသာသာ နေပါတော့
ဟုသာ။
@htwegyi
December 18, 2024