ဆောင်းရယ် နှင်းရယ် Hive ရယ်။

in #hive-1221332 months ago

ဆောင်းရာသီက အေးသလိုလို၊ မအေးသလိုလို
ဖြစ်သည်။ ညဦးမှာ အအေးပေါ့၍ မနက်ခင်းမှာ
အေးလာတတ်သည်။ ဒီတော့ ညဦးမှာ
အမှုမဲ့ အမှတ်မဲ့ဖြင့် အနွေးထည်မဝတ်မိပေ။
ဟော့ မနက်ပိုင်းမှာ မသိမသာ အေးလာတော့
နဖူးနဲ့ ဒူးနဲ့ထိအောင် ကွေးရသည်။ အိပ်ရာ
မှ ထ၍ အနွေးထည်မဝတ်၊ စောင်မခြုံပဲ
ပေ၍ အိပ်သည်။ ပေ၍ အိပ်သည်ဆိုသည်ထက်
ပျင်း၍ အိပ်သည်က ပိုမှန်ပေမည်။

မနက်ခင်းမှာ အအေးပက်ကာ နှပ်တရှုပ်ရှုပ်ဖြစ်သည်။
ဒါက ပြီးခဲ့သော ဒီဇင်ဘာက
အအေး အကြောင်း ရေးခြင်းဖြစ်သည်။
ယခု ဇန်နဝါရီလအစမှာတော့ အအေး
လျော့နည်းလာသည်။ ဆောင်းသည်က
ဒီဇင်ဘာလ တလတည်းသာ ဆောင်းဖြစ်
လေရော့သလား။ ကိုယ်တွေ ရေးခဲ့သလို
လူတွေ၏ လောဘ အပူများကြောင့်
ဆောင်းနှင်းဖြူလေးများက ကွယ်ပျောက်
ရှာကြလေသလား။

ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ်
ဘာညာ သာရကာပေါ့။ ငယ်စဉ်ကတော့
ကိုသိန်းတန်၊ ကိုလွှမ်းမိုး တို့ရဲ့ အဲ့သဟာ
နှင်းတွေနဲ့ ဖီလ်ခဲ့တာပ။ ခုတော့ ခံစားစရာ
နှင်းကလည်း ဘယ်သွားရှာရပါ့။ နှင်းဝေတဲ့
ဆောင်း တို့ ဘာ တို့ ညာ တို့ကလည်း
ခံစားရဖို့ ဘယ်လိုမှ မဘာနိုင်တော့။
တနေ့ တနေ့ ဖုန်းကို ပွတ်ကာ သတင်း
မှန်သမျှ ဖတ်၊ နားထောင်ကာ အောင်ပွဲ
အကြောင်းများကို ငမ်းငမ်းတက် အငမ်းမရ
ဖမ်းရှုနေရသည်။

အဲ့သမှာ ဆောင်းနှင်းဖြူတွေ၊ နှင်းဝေတဲ့
ဆောင်းတွေ၊ ဒီဇင်ဘာည တွေ မေ့ထားရသည်။
ဒီကြားထဲ ကိုယ်တွေရဲ့ Hive ကိုလည်
အပြေးအလွှား သွားကာ ပိုစ့်တင်ရသည်။
ယခုအချိန်မှာ Hive က အစိမ်းရောင်သန်း၍
ဈေးတက်လာသဖြင့် အပြေးအလွှား ကမန်းကတန်း
ဝယ်ရောင်းလေးလည်း လုပ်ရသေးသည်။
ကိုယ်တွေ ဝယ်ရောင်း Trade လုပ်သည်က
Binance ကို Trade လုပ်ခ fee သွားပေး
နေသလားမှတ်ရသည်။

မည်သို့ဆိုစေ Binance ကို Trade လုပ်ခ fee
ပေးရသည်ဆိုစေ။ ကိုယ်တွေ ၏ Hive ဈေးလေး
စိမ်းနေတော့ စိတ်ချမ်းသာရသည်။ ကိုယ်တွေ
လည်း Binance မှာ Trade ရတာ အမြတ်
ဆိုသလို။ အခြားသူများလို ငွေကြေး အများ
အပြားဖြင့် လုပ်တာမဟုတ်၍ အရှုံးအမြတ်က
အဓိက မဟုတ်ပေ။ သို့ပေသိ လောဘသား
ပေမို့ ဒေါ်လာနှစ်ဆယ်ဖြင့် Trade ခဲ့သည်မှ
ဟိုကလိ ဒီကလိ လုပ်သမို့ ဒေါ်လာနှစ်ဆယ့်ငါး
ရောက်ရှိလာသည်။ Hive များကို Binance
သို့ပို့ကာ Trade ခြင်းကို သင်ယူ ကလိနေပါသည်။
လောဘတော့ အတောသတ်ရပေမည်။
အတော မသတ်ပါမူ ပါတော်မူပေမည်။

@htwegyi
January 7, 2025

Sort:  

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

♦️ You got 0.01 FELT for sharing high vibes on Hive.

📋♦️ FELT Info