Cryptocurrency နေ့စဉ်ဘဝ ( Henry Aung )

in #hive-1221333 years ago

111.jpeg

မင်္ဂလာပါ။ ကျွန်တော်တို့ မင်းသားကြီး Hive ကတော့ ယနေ့တွင် ပြား ၇၀ ကျော်ဈေးသို့ သက်ဆင်းသွားခဲ့ပြီ ဖြစ်ပါသည်။ Hive ဈေးကျဆင်းလာပြီဆိုတော့ Voting Value များလည်း ကျဆင်းလာတော့မည် ဖြစ်ပါသည်။

ကျွန်တော့အနေဖြင့် ၃ လကြာ Active မဖြစ်တော့သော HP Delegated အကောင့်များအား ပြန်၍ Undelegate လုပ်ရပါတော့သည်။ စုစု ပေါင်း HP 500 ကျော်ခန့် ရှိပါသည်။ အဘယ့်ကြောင့်ဤသို့ လုပ်ရသနည်းဆိုသော် Active ဖြစ်နေသော အကောင့်များအား Voting Value ပိုမိုရစေချင်၍ ဖြစ်ပါသည်။

Active မဖြစ်တော့သော အကောင့်များအားလည်း အပြစ်မဆိုသာပါ။ လျပ်စစ်မီးကမမှန် ပြင်ပ စီးပွားရေး လူမှုရေးများကလည်း တဖက်မို့ Hive Platform ပေါ်သို့ အာရုံ မရောက်နိုင်ကြခြင်း ဖြစ်တန်ရာ။ သို့သော် အခြေအနေကောင်းသော အချိန်တွင် ပြန်ရောက်လာကြပါလိမ့်မည်။

ထိုလူသစ်များအတွက် တခုသာ စိုးရိမ်မိပါသည်။ မိမိတို့ 4/5/6 လခန့်မျှ မူးစု ပဲစု စုထားသော HP များ Password key မမှတ်မိတော့၍ ဆုံးရှုံးသွားရမည့် အရေး ဖြစ်ပါသည်။ ကျွန်တော်တို့ အားလုံးနီးပါး ထိုပြသနာအား ကြုံဖူးကြပါလိမ့်မည်။ App Update လုပ်ခြင်းကြောင့် ဖုန်း computer ပြောင်း လိုက်ခြင်းကြောင့် မိမိတို့ မှတ်ထားသော Data များ ပျောက်သွားရလျင် ခေါင်းမီးတောက်ရပါပြီ။

BTC ဈေးကျခြင်းနှင့်အတူ အခြားသော Cryptocurrency များကလည်း 10% ခန့်မျှ လိုက်ပါ ကျဆင်း သွားပြီ ဖြစ်ပါသည်။ ကိစ္စမရှိပါ။ Cryptocurrency က ဈေးကျမည် ပြီးလျင် ပြန်တက်မည်။ ဈေးတက်လျင် ပျော်မည် ဈေးကျလျင် စိတ်ပျက်မည်။ သို့ပေသိ ရေးစရာရှိသည်ကတော့ ရေးနေရမည် ဖြစ်ပါသည်။

Hive ဈေး ကျသည်က တခုကောင်းပါသည်။ HBD မှ Hive သို့ ပြောင်းရာတွင် Hive ပိုရပါသည်။ သို့သော်လည်း Hive ဈေးတက်လျင်တော့ မိုတီဗိတ် ပို ဖြစ်ပါသည်။ စိတ်ကူးထားသည်များ အကောင်ထည် ပေါ်တော့မည်လား ဟူ၍။

Cryptocurrency ဟူသော အရာကလည်း အစလုပ်မိသည်နှင့် အမျှင် မပြတ်တတ်သော အရာ ဖြစ်မည်ထင်ပါသည်။ ၂၀၁၆ Steemit မှ စလိုက်သော Cryptocurrency ရောဂါသည် ယခု ထိ အရှိန်မသေ သေးပါ။

Hive Blockchain တခုတည်း ဖြင့်ပင် ဟို token ဒီ token စုလိုက် Airdrop နောက်လိုက်ဖမ်းလိုက် ယခု နောက်ပိုင်း တွင်တော့ NFT များပင် အဆစ်ပါလာပါတော့သည်။ Ragnarok ကဲ့သို့ သော Game များက လည်း NFT အိမ်မက်များ ပေးနေသည်ဆိုတော့။

ယခုတလော Coinmarketcap ဖွင့်ကြည့်ရာတွင် 24 Hrs Top Gain / lost တွင် ဒေါ်လာ ၁ ဘီလီယံ ကျော်သည့် Cryptocurrency များ မတွေ့ရသည်မှာ အတော်ကြာပြီ ဖြစ်ပါသည်။ Steem အား ဆွဲတင်သည့် ၁.၂ ဘီလီယံ နောက်ဆုံး ဖြစ်မည်ဟုထင်ပါသည်။

ကျွန်တော် မှတ်မိသလောက် ၂၀၁၆ ဝန်းကျင်တွင် ကစားခဲ့သော Cryptocurrency အတော်များများ Coinmarketcap အဆင့် ၁၀၀ မှ ပျောက်သွားကြပြီ ဖြစ်ပါသည်။ XRP / Doge / LTC / XLM / Zcash / Dash စသည် တို့ကတော့ Coinmarketcap ၏ အဆင့် ၁၀၀ တန်း ဝင်နေပါသေးသည်။

Cryptocurrency များ ဈေးကျသည် ဖြစ်စေ တက်သည် ဖြစ်စေ သေချာသည်တခုကတော့ နေ့စဉ် နေ့တိုင်း အိပ်ယာထပြီးသည်နှင့် ယနေ့ Hive ဘယ်ဈေး ဖြစ်နေပြီလဲ ဟူ၍ အလျင် ဝင်ကြည့် ဖြစ်ခြင်း ဖြစ်ပါသည်။ Hive Platform ကတော့ ကျွန်တော့ နေ့စဉ်ဘဝ၏ တစိတ်တပိုင်းအား လွှမ်းမိုးထားပြီ ဖြစ်ပါသည်။

Henry Aung ( Kachin )

06/05/2022 - Friday - 17;37 Pm

Sort:  

တောင်ကြိးက မောင်ကြီး လူပျိုကြီးပေလူပျိုကြီးပြောသလိုပဲ။
!LOL
!PIZZA

အချစ်လည်း စု Hive လည်းစု ..... အိုဗျာ token မှန်သမျှ အကုန်စု ...စုနိုင်မှ ဖြစ်မှာ။!LUV

A book just fell on my head.
I only have my shelf to blame.

Credit: reddit
@kachinhenry, I sent you an $LOLZ on behalf of @htwegyi
Use the !LOL or !LOLZ command to share a joke and an $LOLZ.
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(2/6)

Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
tin.aung.soe tipped kachinhenry (x1)
kachinhenry tipped kaunglay2 (x1)
@kachinhenry(6/15) tipped @callmemaungthan (x1)
uthantzin tipped kachinhenry (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped uthantzin (x1)
kachinhenry tipped suhlaing (x1)
kachinhenry tipped nyimwa (x1)
kachinhenry tipped tin.aung.soe (x1)
htwegyi tipped kachinhenry (x1)

Learn more at https://hive.pizza.

Hive ဈေး အရေးလုပ်ပြီး မကြည့်ဖြစ်တာ ကြာပြီ။
ပို့စ် ဗုတ် ပဲ အဓိက အာရုံစိုက်ထားလိုက်တယ်။
!PIZZA

ဒါလည်း တမျိုးကောင်းတာပါပဲ။ !PIZZA

Game post လေးတော့ နေ့စဥ် ကြိုးစားတင်နေပါတယ်အစ်ကိုရေ...!PIZZA

Game post ဖြစ်ဖြစ် photo လေးဖြစ်ဖြစ် တင်ပြီး ရသလောက်သာစု ဗျို့။ အချိန်ကစကား ပြောလာပါလိမ့်မယ်။ !PIZZA

ကိုဟင်ရေ အခုချိန်မှာ ကျွန်တော်လဲ ပါဝါအနည်းငယ် စုမိပီမို့ ကိုဟင်ထောက်ပံ့ပေးထားတဲ့ delegated hp 100ကို ကြည်ဖြူစွာ ပြန်အပ်ပါတယ် ယူလိုက်ပါကိုဟင် ကျွန်တော်က အချိန်ပြည့်လိုင်းမတက်နိုင်တဲ့သူပါ။ ဘယ်နေ့ အထုပ်ပိုက်ပြေးရမလဲ ဖြစ်နေရတဲ့ ကာလမို့ ကျွန်တော့ဆီခဏငှားထားတဲ့ အကို့ ပါဝါများကို ပြန်ယူပီး ကိုဟင်အတွက် အကျိုးရှိတာ လုပ်လိုက်ပါဗျာ။
လေးစားစွာဖြင့် - ကိုရွှေဘို

!PGM
!LUV

ကောင်းပါပြီ ကိုရွှေဘို.... အရာရာ အဆင်ပြေပါစေ။ !PIZZA

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.01 MOTA - 0.05 DEC tokens to @nyimwa, @kachinhenry

remaining commands 2

BUY AND STAKE THE PGM TO SEND TOKENS!

  • 10 PGMs in STAKE = 0,1 PGM/LVL/ 1 STARBITS / MOTA 0,01 / 0,05 DEC / 2.5 BUDS sent and 1 command available every day
  • 100 PGM in STAKE = 0,1 PGM/LVL/ 1 STARBITS / MOTA 0,01 / 0,05 DEC / 2.5 BUDS sent and 3 commands available every day
  • 500 PGM in STAKE = 0,1 PGM/LVL/ 1 STARBITS / MOTA 0,01 / 0,05 DEC / 2.5 BUDS sent and RECEIVED and 5 commands available every day
  • 1000 PGM in STAKE = 0,1 PGM/LVL/ and 1 STARBITS/ MOTA 0,01 / 0,05 DEC / 2.5 BUDS sent and RECEIVED and 10 commands available every day
  • 5000 PGMs in STAKE = PRIZES DOUBLED

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


အချစ်အစား hive တွေပဲ စုဖြစ်တော့တယ်
အယ်လယ်
!PIZZA

Hive စုပြီး ငုရင် လေးတွေဆီမှာ အချစ်တွေ သွားစုရမှာ။ !LOL

​နေ့တိုင်း စိတ်ကူးမိတယ် တခြားဘာအလုပ်မှ လုပ်စရာမလိုဘဲ Hiveကရတဲ့ ဝင်​ငွေ တစ်ခုတည်းနဲ့ ထိုင်စားချင်တယ်😊

အေးဗျာ ကျွန်တော်လည်း အဲသလို စိတ်ကူးမိတာရယ်။ HP တသိန်းလောက်နဲ့ HBD တသိန်းလောက် Saving ထဲပို့ပြီး အတိုးထိုင်ထုတ်စားချင်တာ။😄 😄 !PIZZA

အတူတူပါပဲကိုဟင် steem လိုတော့အဖြစ်မခံတော့ coin ကတော့ကျပြီးရင်တက်မယ် တက်ပြီးရင် ကျမယ် ကျတော်ကတော့ ဆက်ရေးနေမှာပါပဲ !LOLZ

ချသာချ.... တနေ့ နည်းနည်း နဲ့ ကြာလာရင် များလာလိမ့်မယ်။ !PIZZA

hive မှာပဲ သေချာ အချိန်ပေးနိုင်ဖို့ဆိုရင် တလ ၅၀၀$ ၀င်နေမှ ဖြစ်မယ် ။ မဟုတ်ရင်တော့ အလုပ်တစ်ဖက်နဲ့ဆို ပုံမှန်အချိန်ပေးနိုင်ဖို့က မလွယ်နေလို့ပါ အကို။ သေချာလေး ကြိုးစားနိုင်ရင်တော့လည်း အပြင်အလုပ်လေးလုပ်ရင်း Hive ကပဲ ၀င်ငွေရှာချင်တော့တယ်။ ၀န်ထမ်းဘ၀နဲ့တော့ အချိန် သေချာပေး အာရုံစိုက်ဖို့ကအခက်အခဲလေးရှိနေပြန်ကောပဲ။

အဲဒါလည်း အမှန်ပဲ။ Hive ကလည်း ငွေရနိုင်ပေမယ့် ပုံမှန် မဟုတ်တော့ အခက်သား။ ဘာပဲ ဖြစ်ဖြစ် ရသလောက် သာစုဗျို့။ တချိန်ကြရင် ကိုယ့် အတွက် အသုံးဝင်လာလိမ့်မယ်။ !PIZZA

ကိုဟင်ရေ ကျွန်တော်တို့ဆီမှာလဲ မီးပျက် ရေပျက် ညတိုင် အိပ်ရေးပျက်နေရတာ အတော်ကြာပါပီ။ မီးလာတဲ့အချိန် ညသန်းကောင်ဖြစ်နေရင်တောင် ပိုစ်တပုဒ်တော့ အပြေးလွားထတင်လိုက်တယ်။ အရင်လို စာကောင်းကောင်းရေးချင်ပေမယ့် အခြေနေက မပေးတော့ လွယ်လွယ်ပိုစ်ဖြစ်တဲ့ ဂိမ်းပိုစ်တွေပဲ တရက်တပုဒ်တင်နိုင်အောင် ကြိုးစားနေရပါတယ်။

Game post ဖြစ်ဖြစ် photo လေးဖြစ်ဖြစ် တင်ပြီး ရသလောက်သာစု ဗျို့။ အချိန်ကစကား ပြောလာပါလိမ့်မယ်။ !LUV