မိုက်ကြေးခွဲခဲ့သူ ( Henry Aung )

in #hive-1221332 years ago

111.jpeg

မင်္ဂလာပါ။ လွန်ခဲ့သော ရက်က ဘာရယ်မဟုတ် Hive အတွင်း မွှေနှောက်ရှာဖွေရင်း စိတ်ဝင်စားဖွယ်သတင်းတခုအား ဖတ်မိလိုက်ပါသည်။ အခြားမဟုတ်ပါ။ ယခင် Steemit မှ Hive သို့ကူးပြောင်းစဉ် ဂျပ်စတင်း မတရားရယူထားသော Steem ၁၄ သန်းကျော်အား Bittrex က Steemit သို့ လွှဲပြောင်း ပေးလိုက်သည့် သတင်း ပင် ဖြစ်ပါသည်။

ဤ Steemit နှင့် Hive အကွဲအပြဲအား သိမှီလိုက်သူတို့ မှတ်မိကြပါလိမ့်မည်။ အနည်းငယ် နောက်ကြောင်း ပြန်ရလျင် Steemit CEO @Ned က သူ၏ Steemit ကုမ္ပဏီ နှင့် Blockchain တခုလုံးအား ဂျပ်စတင်းထံသို့ ဒေါ်လာနှစ်သန်းကျော်နှင့် ရောင်းချလိုက်ရာမှ ပြသနာစခြင်း ဖြစ်ပါသည်။

အမှန်က ဂျပ်စတင်းလိုချင်သည်မှာ Steem များ မဟုတ်ပါ။ ထိုအချိန်က သူဝယ်ယူလိုသည်မှာ Community ( တနည်းအားဖြင့် လူအင်အား ) ဖြစ်ပါသည်။ သူ၏ ကိုယ်ပိုင် Blockchain ဖြစ်သော Tron မှာ Steemit Community လောက် အင်အားမတောင့်တင်းရကာ Tron project များအား Support ပေးရန် Steemit community အား ဝယ်ယူလိုက်ခြင်း ဖြစ်ပါသည်။

ဤ တွင် Steemit blockchain အား ယခင် အတိုင်း လည်ပတ်ပါမည်ဟု ကတိပေးထားသော်လည်း တဖြည်းဖြည်း Tron Blockchain အောက်သို့ ဆွဲသွင်းလာသော အခါ Steemit witness များနှင့် ပြသနာ တက်ကြပါတော့သည်။

ဤ တွင် ဂျပ်စတင်းက သူပိုင် Steem power / Binance Exchange ပိုင် Steem Power / Houbi Exchange ပိုင် Steem power စုစု ပေါင် Power သန်း ၃၀ ( ပိုများနိုင်ပါသည် အသေအချာ မမှတ်မိတော့ပါ ) ကျော်ဖြင့် သူ့လက်အောက်ခံ Steemit account ၂၀ ခုအား Witness ခန့်ထားလိုက်ပါတော့သည်။

ထို့ကြောင့် ယခင်က Hive Power အားနည်းသော Witness တို့ အဆင့်ကျသွားပါတော့သည်။ ဤ နည်းဖြင့် ဂျပ်စတင်းက သူ၏ ထိပ်တန်း witness အယောက် ၂၀ ဖြင့် Steemit Blockchain အား Hard Fork ပြုလုပ်ကာ သူ့အား ကလန်ကဆန် လုပ်သော Steemit account များအား ထိန်းချုပ်လိုက်ပါတော့သည်။

ထိုအချိန်က Steemit Blockchain အား အဆင့်မြှင့်တင်ခြင်း Hard Fork တခုပြုလုပ်ရန် ထိပ်တန်း witness အယောက် ၂၀ သဘောတူရန် လိုအပ်ပါသည်။ ဤနည်း ဖြင့် ဂျပ်စတင်း က ငါပိုင်သည့် Blockchain ငါကြိုက်သလိုလုပ်မည်ဟူသည့်သဘောဖြင့် မိုက်ကြေးခွဲလိုက်ခြင်း ဖြစ်ပါသည်။

ဂျပ်စတင်းက Binance နှင့် Houbi အားကိုးဖြင့် ဤသို့ အနိုင်ကျင့်သည်ကို Cryptocurrency လောကသားများက ဝိုင်းဝန်း ပြစ်တင်ပြောဆိုကြသောအခါ Steemit witness vote အား Binance Exchange ကပြန်ဖြုတ်ပေးလိုက်ပါတော့သည်။

သို့သော် ထိုအချိန်တွင် Steemit witness အဟောင်းများက Hive Blockchain အနေဖြင့် ခွဲထွက်ရန် ပြင်ဆင်ပြီး ဖြစ်ပါသည်။ ၂၀၂၀ တွင် Hive Blockchain အဖြစ်ခွဲထွက်လာသောအခါ Hive token အား ပထမဆုံး ဈေးကွက် တင်ခွင့်ပြုခဲ့သော Exchange မှာ Binance ပင် ဖြစ်ပါသည်။

ထိုအချိန်တွင် ဂျပ်စတင်းက သူထိန်းချုပ်ထားသော Steemit Account များအား Power Down ကာ ( Steem power ၂၄ သန်း ကျော် ) ကိုးရီးယား အကောင့် တခုသို့ လွှဲပြောင်း ပေးလိုက်ပါသည်။ သို့သော် ထို ကိုရီးယား အကောင့် ပိုင်ရှင်က ထို Steem ၂၄ သန်း ကျော်အား Bittrex Exchange သို့ လွှဲပြောင်း ကာ Memo တွင် ဤ Steem များမှာ Steemit မှ ခိုးယူထားခံရသော Steem များ ဖြစ်ပါသည်။ Bittrex အနေဖြင့် ပိုင်ရှင်များထံ ပြန်ပေးလိုက်ပါ " ဟူ၍ ရေးသားထားခဲ့ပါသည်။

သို့သော် Bittrex က ထို Steem များအား ပြန်မပေးခဲ့ပါ။ ဂျပ်စတင်း ၏ အနိုင်ကျင့်ခံရသော Steemit အကောင့် ပိုင်ရှင်များကလည်း ဂျပ်စတင်းအား တရားစွဲရန် ပြင်ဆင်ခဲ့ကြပါသည်။သို့သော် အထမမြောက်ခဲ့ဟု ထင်ပါသည်။

အဘယ့်ကြောင့် ဆိုသော် Steemit အကောင့် ပိုင်ရှင် တိုင်း အထူးသဖြင့် ဝေလငါး များမှာ မိမိမည်သူမည် ဝါ ဖြစ်ကြောင်း ထုတ်ဖေါ်မပြောလိုကြပါ။ မိမိတို့ ကိုယ်တိုင်အား အမည်မသိ အဖြစ်သာ နေလိုကြသော ကြောင့် တရားစွဲသော်လည်း ခိုင်လုံသော သက်သေများမပြနိုင်သောကြောင့် Bittrex အနေဖြင့် ရောက်ရှိလာသော Steem များတွက် စိတ်ကြိုက် စီမံခွင့် ရှိနေပါသည်။

ဤသို့ ဖြင့် ထိုပြသနာမှာ မေ့မေ့ပျောက်ပျောက် ဖြစ်နေရာမှ လွန်ခဲ့သော ၅ ရက်ခန့်က Bittrex Exchange မှ Steem ၁၄ သန်းကျော်အား ဂျပ်စတင်းပိုင် Steemit အကောင့်သို့ တိတ်တဆိတ် ပြန်၍ လွဲပြောင်းပေးခဲ့ပါသည်။

ဂျပ်စတင်းကလည်း Bittrex မှရသော Steem များအား Binance Exchange သို့ ပို့လိုက်ပါတော့သည်။ ဂျပ်စတင်း Binance သို့ ပို့လိုက်သော Steem ပမာဏမှာ Steem ၂၁.၅ သန်း ဖြစ်ပါသည်။ ဤ တွင် တခု စိတ်ဝင်စားစရာ ကောင်းသည်မှာ Bittrex အနေဖြင့် ထို Steem ၁၄ သန်းကျော်အား ဒီအတိုင်း ပြန်ပေးလိုက်သည်လား..? သို့မဟုတ် အောက်ဈေးဖြင့် ရောင်းပေးလိုက်သည်လား ..? မသိနိုင်ပါ။

သေချာသည်တခုကတော့ Binance Exchange တွင် Steem ဈေးတက်လာပါက Steem ဈေးအား ထိုးချမည့် ဂျပ်စတင်း၏ Steem ၂၁ သန်းကျော်ကစောင့်နေပါသည်။ လက်ရှိ Steem ဈေး ၂၅ ပြားဖြင့် တွက်လျင်တောင် ဂျပ်စတင်း အနေဖြင့် ဒေါ်လာ ၅.၂၅ သန်း အထုပ်ပိုက်နိုင်ပြီ ဖြစ်ပါသည်။

ဂျပ်စတင်း စောင့်နေသည်က ထိုမျှလောက်သော Steem များအား မည်သူဝယ်မည်နည်း ...? သေချာသည်ကတော့ ဘူဘောင်း တခု အဖြစ် ဖန်တီးလိမ့်မည်ဟု ထင်ပါသည်။ Cryptocurrency လောကတွင် လျင်သူစား လည်သူစား ဖြစ်သောကြောင့် မိတ်ဆွေတို့တွင်လည်း Steem ရှိထားလျင် နားမျက်စိဖွင့်ထားပါရန် တိုက်တွန်းလိုက်ရပါသည်။

Henry Aung ( Kachin )

26/05/2022 - Thursday - 17;40 Pm

Sort:  

steem က မရှိတော့ဘူးရယ်။ တမျိုး နားအေးတာပေါ့လေ။
အဲ့ဘဲက ငရှုပ်။
!PIZZA

အဲဒီဘဲက ရှုပ်တာတင် မဟုတ်ဘူး... ငတွမ် ...!PIZZA

Yay! 🤗
Your content has been boosted with Ecency Points, by @kachinhenry.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

သူတို့​လောကကလည်း တို့တိုင်းပြည်အတိုင်းပဲ😊

ဟုတ်ပါ့။ မိုက်ကြေးခွဲတဲ့ လူတွေကြီးပဲ။ !PIZZA

Justin ကိုး😁

အဲဒီဘဲက ... ငတွမ် ...!PIZZA

စောင့်ကြည့်ရမည့် အခြေအနေပေါ့ !lol !pizza !luv

Steem ရှိထားရင်တော့ စောင့်ကြည့် သင့်တယ်။ အတက်ဈေးကို အပိုင်မိဖို့လိုတယ်။ !PIZZA

အင်း Steem အတွက် စျေးကစားဖို့ အကြောင်းရှိလာနိုင်တာပေါ့...steem တော့ မရှိတော့ပါဘူးအစ်ကိုရေ...!LUV

အစ်ကို့မှာလည်း Steem မရှိတော့ပါဘူး။ Steem ကတော့ မိုးထိ ထောင်တက်လည်း စိတ်မဝင်စားတော့ဘူး။ !PIZZA

အင်း မလည်မဝယ်ဆိုပါရင် ခံရမှာ။
သို့သော်လည်း လည်လည်ပတ်ပတ်ရှိကြပါစေဗျာ။
!PIZZA

အဲတရုတ်ကြီးက ဘယ်သူ့ ရုတ်ရမလဲ လိုက်ကြည့်နေတာ။ !PIZZA

PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
kachinhenry tipped suhlaing (x1)
kachinhenry tipped donjaun (x1)
kachinhenry tipped sheinthu (x1)
htwegyi tipped kachinhenry (x1)
donjaun tipped kachinhenry (x1)
kachinhenry tipped htwegyi (x1)
@kachinhenry(6/15) tipped @johndieo (x1)
kachinhenry tipped uthantzin (x1)

Join us in Discord!