Hive Myanmar မှအဖွဲ့သားများအားလုံးမင်္ဂလာ။
မနေ့ကရောက်ရှိခဲ့တဲ့ ကိုယ်တွေနေခဲ့တဲ့ အလုံမြို့နယ် နေရာလေးကို ရောက်တော့ တိုက်ပေါ်ကနေ ကြည့်ရင်းနဲ့ လွမ်းသလိုဆွေးသလိုဖြစ်လို့လာတယ်။
ယခု ဆိပ်ကမ်းနေရာဟာ အရင်က သစ်စက်စက်ရုံ ၊ ဝန်ထမ်းအိမ်ယာတိုက်တန်းယာတွေ၊ သစ်ကွင်းတွေ ၊အရက်ဆိုင်လေးတွေ၊ ရထားသံလမ်းတွေ ၊wကွင်းကစားခဲ့တာတွေ၊ဂစ်တာတီး သီချင်းဆိုခဲ့တဲ့နေရာ၊စွန်လွှတ်ခဲ့တဲ့နေရာလေးတွေ ကို ပြန်လည်မြင်ယောင်ပြီးသတိရမိသွားတယ်။ အရာရာဟာမတည်မြဲဘူးဆိုတာ ကို ပိုပြီး သတိထားမိလာတယ်။
အချိန်နဲ့နေရာတွေဟာ အမြဲပြောင်းလဲနေတော့ ကိုယ် ကိုတိုင်တောင် ပြောင်းလဲပြီလားလို့ ပြန်စစ်ဆေးနေရတယ်။ဆရာထူးအိမ်သင်ရဲ့ ""အသက်တာ ကြီးလို့သွားတယ် သိက္ခာ ရှိချင်သေးတဲ့ အမေ့ရဲ့ ဒုက္ခ အိုးလေးများ"" ဖြစ်နေပြီလားလို့ စမ်းစစ်မိတယ်😁။သတိရစရာတစ်ခုကို အခုလို စာလေးတွေ ရေးသားရင်းနဲ့ပဲ အတိတ်ကိုခဏတာမေ့ထားပြီး ပစ္စုပ္ပန် မှာ အကောင်းမွန်ဆုံးဖြစ်အောင် နေထိုင် ကျင့်ကြံသွားရပေအုံးမယ်။
အမှတ်တရဟာ လူတိုင်းမှာ ကိုယ်စီ ရှိပင်မဲ့ ဘယ်အချိန်ပေါ်လာပြီး လွမ်းဆွတ် ရမလည်းမသိသေးတဲ့ အနာဂတ်ကိုလည်း မကြည့်ပဲ ယခုအချိန်ဟာ ကိုယ့် အတွက် အင်အား ဖြစ်ထွန်း နိုင်စေမဲ့ အချိန် ဟု သတ်မှတ်၍ပဲ ဘဝကိုဖြတ်သန်း၍ နေထိုင်သွားရမည်။
အားလုံးကိုကျေးဇူးတင်ပါတယ်
@kaungsett8388
1.2.2023