Hive Myanmar မှ အဖွဲ့သားများအားလုံးမင်္ဂလာပါ...
ဒီနေ့တော့ မှင်အမဲဲကြောင်းများပါနေခြင်းနှင့် မှင် မလိုက်ခြင်း အကြောင်းလေးကိုဆက်လက် တင်ပြခြင်ပါတယ်။
အသုံးပြုနေသော Printer မှ မှင်များယိုစိတ့်၍ Roller များပေါ်တွင် မှင်များ ပေနေခြင်း ကြောင့် မှင်အမဲကြောင်းများ ဖြစ်ပေါ်နိုင်သည်။
ထို့ကြောင့် Roller အချောင်းရှိ မှင်များအားတစစီ မဖြုတ်ပဲ Roller ၏ ဘေးဘက်တွင် ကော်စက်သွားလေးအား တထစ်ခြင်းစီလည့် ပြီး အဝတ်စသို့မဟုတ် နားကြပ်သည့် ဂွမ်းများဖြင့် Roller ပေါ်ရှိ မှင်များအား တရစ်ခြင်းစီ သုတ်ပေးရမည်။
မှတ်ချက်။ Roller ပေါ်ရှိမှင်များအား အရက်ပြန် သို့မဟုတ် Thinner များဖြင့် ဆွတ်ပြီး အသုံးပြုနိုင်သည်။
ထို့နောက် printer အား Head Clean ပြုလုပ်ပေးရမည်။ Head Clean ပြုလုပ်ရာတွင် မှင် သရေအဖုံးအား ချွတ်၍ Clean ပေးရမည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် Printer Head သည် ပိုမို ကြာရှည်ခံနိုင်သည်။
Headအား အဖုံးမချွတ်ပဲ clean မည်စိုပါက ဆွဲလိုက်သောအရှိန်ကြောင့် Head နာခြင်းနှင့် Head၏ တချို့ မှင်ထွက်သည့် အပေါက်များ ပိုမိုကျယ်သွားပြီး မှင်များ ယိုနိုင်ပြီး အမဲ အစင်းကြောင်းများ ပါလာနိုင်သည်။
Head Clean ပြုလုပ်ရာတွင် ၂ပတ် ၁ကြိမ် သို့မဟုတ် ၁လ တကြိမ်လောက် ပြုလုပ်ပေးနိုင်သည်။ထိုလုပ်ဆောင်မှုများအား ပြုလုပ်ပြီးပါကမှင်ယိုခြင်းနှင့် မှင်အမဲကြောင်းများ ဖြစ်ခြင်း ပြုပြင်မှု့ အဆင့်အား ပြီးဆုံးပါပြီ။
If you like my post, please follow and vote...
အားလုံးကိုအစဥ်အမြဲ လေးစားလျက်
ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်
ကံကောင်းသောနေ့လေးဖြစ်ပါစေ
အားလုံး ကိုယ်၏ကျန်းမာခြင်းစိတ်၏ချမ်းသာခြင်းများနဲ့ပြည့်စုံပါစေ
@kaungsett8388
15.10.2022 (1:00)PM