ခေးတော့ မှာလား

in #hive-1221332 years ago

ဒီနှစ်အစပိုင်းတည်းက ဝုန်းဒိုင်းထိုးတက်နေတဲ့ altcoin တွေထဲမှာ APT(Aptos) က ရှေ့ဆုံးကပြေးနေပါတယ်။ 2022 ခုနှစ် October လမှာ mainnet ထွက်လာခဲ့တုန်းက ဝေဖန်မှုတွေ တော်တော်ကြီးခံခဲ့ရတဲ့အပြင် “ဆိုလားနားခေလာ” လို့ ကြွေးကြော်ထားခဲ့တဲ့အတွက် ဝေဘင်သူအတော်များများရဲ့ စောင့်ကြည့်စရာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဆိုလားနားကို ခေးဖို့ တော်တော်ကြီးကို နီးစပ်နေပါပြီ။ APT ဟာ လွန်ခဲ့တဲ့ ၇ရက်အတွင်းမှာ ဈေး၂ဆကျော်ခုန်တက်လာခဲ့ပြီး မနေ့ကတစ်နေ့တည်းမှာတင်ပဲ 47% အထိ တက်လာခဲ့ပါတယ်။ 2023 နှစ်စကနေ ပြန်တွက်မယ်ဆိုရင်တော့ 350% လောက်အထိကို တက်လာခဲ့တာပါ။ ဒီလိုတက်လာရတဲ့ အကြောင်းရင်းတိတိကျကျကို ထောက်ပြဖို့ခက်ပေမယ့် ဖြစ်နိုင်ချေရှိတာလေးတွေကို ပြောပြပေးပါမယ်။

On-chain data တွေအရ မနေ့က တက်လာခဲ့တဲ့ APT ရဲ့ $2 billion trading volume ဟာ Singapore အခြေစိုက် UpBit exchange ရဲ့ WON (တောင်ကိုရီးယားဝမ်) trading pair ကနေလာတာဖြစ်ကြောင်း သိရပြီးတော့ UpBit ပေါ်က APT ရဲ့ ဈေးဟာလည်း အခြား exchange အများစုရဲ့ ဈေးထက် $0.5 လောက် ပိုများနေခဲ့ပါတယ်။ ဒါကြောင့် exchange တစ်ခုနဲ့တစ်ခု ဈေးကွာခြားချက်ပေါ် အကျိုးအမြတ်ရယူတဲ့ trader တွေကြောင့်လည်း APT ဈေးတွေပေါ်မှာ အကျိုးသက်ရောက်မှုရှိလာတာ ဖြစ်နိုင်ပါတယ်။

(တောင်ကိုရီးယား exchange တွေဟာ crypto asset အချို့ကိုလည်း အခြားသော exchange တွေထက် ဈေးပိုမြှင့်ထားလေ့ရှိတတ်ကြပြီးတော့ ဒါကို Kimchi Premium လို့ ခေါ်ဆိုတတ်ကြပါတယ်။ မနှစ်ကစလို့ ဒီလို ဈေးကွာခြားချက်တွေကနေ အကျိုးအမြတ်ယူခဲ့တဲ့ တောင်ကိုရီးယားဝမ် 2 billion ဖိုး တရားမဝင်ငွေအလွှဲအပြောင်းတွေကို Seoul မြို့ တရားရေးဌာနဖက်က စုံစမ်းစစ်ဆေးမှုစတင်ခဲ့ပါသေးတယ်။)

APT ဈေးတက်လာရတာဖြစ်နိုင်တဲ့ နောက်တစ်ချက်ကတော့ DeFi တွေကြောင့်ဖြစ်နိုင်ပါတယ်။ APT ဟာ DeFi Ecosystem ထဲမှာ အဆင့် ၂၀ ပတ်ဝန်းကျင်မှာသာ ရှိနေပေမယ့် လွန်ခဲ့တဲ့လကစလို့ သိသိသာသာကို ကြီးထွားလာနေခဲ့ပါတယ်။ DeFi ecosystem အတွင်းက APT ရဲ့ trading volume ဟာ December လတုန်းက $14 million အထိပဲ ရှိနေရာကနေ January လမကုန်ခင်မှာတင်ပဲ $51 million လောက်အထိ တက်လာခဲ့ပါတယ်။
ဒါ့အပြင် မနေ့က APT volume အကြီးစားကြီးရဲ့ 15% ကျော် ဟာ Binance ရဲ့ APTBUSD trading pair ကနေ လာတာဖြစ်ပြီးတော့ Binance ဖက်က မကြာသေးခင်ကမှ မိတ်ဆက်ထားခဲ့တဲ့ APT liquidity pool ၂ခုကြောင့် Binance ပေါ်မှာ volume တက်နေတာလည်း ဖြစ်နိုင်ပါတယ်။ January 20 ရက်နေ့ကစလို့ Binance Liquid Swap Platform ပေါ်မှာ APT/USDT အတွက် ၁နှစ်ကို 92.42% အထိ ပေးထားပြီးတော့ APT/BTC ကိုတော့ 99.49% အထိ ပေးထားပါတယ်။

ဒီအချက်တွေဟာ APT ဘာကြောင့် ဒီလောက်တက်နေရသလဲဆိုတဲ့ အချက်တွေကို စုစည်းတင်ပြပေးထားခြင်းသာဖြစ်ပြီးတော့ APT ဝယ်ဖို့၊ ရောင်းဖို့ ကိစ္စတွေမှာ အားပေးအားမြှောက်ပြုခြင်း လုံးဝမဟုတ်ပါဘူး။ လိုက်ဝယ်ပြီးမှဈေးကျရင်လည်း ကိုယ့်ဒေါသနဲ့ကိုယ်ပဲဖြစ်သလို မဝယ်လိုက်ရဘဲ ဈေးတက်သွားရင်လည်း ကိုယ့်ဒေါသနဲ့ကိုယ်ပါပဲ။

Reference Links: https://decrypt.co/120009/whats-going-on-aptos-price
https://www.coindesk.com/markets/2023/01/25/crypto-markets-today-layer-1-blockchain-token-aptos-reaches-record-high/
https://decrypt.co/119879/aptos-soars-week-leading-layer-1-token-rally

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=M6QMGN5I

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

Sort:  

!PIZZA

🍕 PIZZA !

I gifted $PIZZA slices here:
@htwegyi(2/5) tipped @myancrypto (x1)

Please vote for pizza.witness!