ကိုယ့်ရဲ့ အိခီဂိုင် (Ikigai) ကိုရှာကြမယ်။

in #hive-1221333 months ago

အားလုံး မင်္ဂလာပါ။

ကျွန်တော်ဒီတစ်လော နားထောင် ဖတ်ရှုဖြစ်တဲ့ စာအုပ်ကတော့ အိခီဂိုင် လို့ခေါ်တဲ့ ဂျပန်နာမည်နဲ့စာအုပ်လေ:ပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံက အိုကီနာဝါ ကျွန်းပေါ်က သဘာဝလွန် အသက်ရှည် ကြတဲ့ ဂျပန်လူမျိုးတွေရဲ့ လျို့ဝှက်ချက် ဘဝနေနည်း အကြောင်းရေ:သာ:ထာ:တဲ့စာအုပ်ပဲ ဖြစ်ပါတယ်။ ဒီကျွန်းမှာဆိုရင် လူတစ်သိန်းမှာ အသက် တစ်ရာကျော် တဲ့သူ ၂၄.၅၅ ဦးရှိပြီးတော့ ဒါဟာ ကမ္ဘာ့ ပျမ်းမျှ ကိန်းဂဏန်:ထက်မျာ:ပါတယ်။

ကျန်းမာစေတဲ့ ဓါတ်စာ၊ ရို:ရှင်းတဲ့ ဘဝနေထိုင်မှု၊ လက်ဖက်ရည်ကြမ်း နဲ့ ရာသီဥတုတွေစတာအပြင် သူတို့ရဲ့ အသက်ရှည်ခြင်းရဲ့ သော့ချက် ကတော့ အီခီဂိုင် လို့ဆိုပါတယ်။ ဒီကျွန်းပေါ်က အိုဂိမီ (Ogimi) ဆိုတဲ့ မြို့ဟာ အသက်ရှည်ကြတဲ့သူများလို့ အသက်ရှည်ရွာ လို့တောင် နာမည်တပ်ခံထားရပါတယ်။

ဒီ အိုကီနာဝါကျွန်းဟာ ဒုတိယ ကမ္ဘာစစ်တုန်းက အနုမြူဗုံးကြောင့် အပြစ်မဲ့ သူတွေ များစွာသေဆုံးခဲ့ရတဲ့ နေရာဖြစ်နေပါ။ ဒီကျွန်းမှာနေသူတွေဟာ ပြင်ပကလူတွေအပေါ် အမုန်းတရားကို မဆွဲကိုင်ထားကြပဲ 'ichariba chode' ဆိုတဲ့ '(တစ်ခါမှမမြင်ဖူးခဲ့ ရင်တောင်မှ) လူတိုင်းကို ညီအကို တစ်ယောက်လိုဆက်ဆံပါ' ဆိုတဲ့ မူနဲ့ နေထိုင်ကြတာပါပဲ။ အိုဂိမီ မြို့မှာ နေထိုင်သူတွေပျော်ရွင်တဲ့ လျို့ဝှက်ချက်တစ်ခုကတော့ သူတို့ရဲ့ လူဝန်းကျင်အသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတဲ့ ခံစားချက်ပါပဲ။ သူတို့ဟာ ငယ်ရွယ်စဥ်ကတည်းက 'yuimaaru' ဆိုတဲ့ စုပေါင်းလုပ်ကိုင်တတ်မှုကို ကျင့်သုံးပြီး တစ်ဦးနဲ့ တစ်ဦး ကူညီမှုနဲ့ နေသားကျနေပြီးဖြစ်ပါတယ်။

အီခီဂိုင်က ကျွန်တော်တို့ အတွင်းမှာ ရှိနေပြီးသားပါ။ ဒါကြောင့်မို့ ကျွန်တော်တို့ နေ့စဥ် နိုးထပြီး အလုပ်လုပ်နေကြတာပါ။

source: https://becomingbetter.org/ikigai/

**ဘာပဲလုပ်လုပ် မနားလိုက်ပါနဲ့ **

ကျွန်တော်တို့က အီခီဂိုင်ရှိပြီဆိုရင် စိတ်ကျေနပ် ပျော်ရွင်မှုနဲ့ ဘဝအဓိပ္ပါယ်ကို သိလာမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ တော်တော်များများဟာ အငြိမ်းစာယူအပြီးတောင် သူတို့ရဲ့ နှစ်သက်တဲ့ အလုပ်ကို ဆက်ပြီး လုပ်ကိုင်နေကြဆဲပါ။ တကယ်တမ်းပြောရရင် ဂျပန်ဝေါဟာရမှာ အလုပ်ကနေ ထာဝရ အနားယူတယ်၊ အငြိမ်းစားယူတယ် (retire) ဆိုတဲ့ စကားလုံးမရှိပါဘူး။ ဂျပန်တို့ရဲ့ ယှဉ်ကျေးမှု မှာ ဘဝရည်မှန်းချက်ရှိနေဖို့က အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ဂျပန်လူမျိုးတို့ရဲ့ ဓါတ်စာ အစားအစာဟာ အသက်ရှည်စေဖို့ အကြောင်းဖြစ်စေသလို လူမှုဝန်းကျင်စိတ်ဓါတ်နဲ့ အီခီဂိုင် တို့ဟာလဲ အသက်ရှည်စေတဲ့ အကြောင်းအရင်း ဖြစ်တယ်လို့ဆိုပါတယ်။ ကျန်းမာရေး ဆေးစစ်ချက်တွေအရ ဒီအိုကီနာဝါကျွန်းမှာ နေထိုင်တဲ့ သူတွေဟာ အသက်ရှည်ကြတဲ့အပြင်

  • နာတာရှည်ရောဂါ၊ ကင်ဆာ၊ နှလုံးရောဂါ နဲ့ အခြား ရောင်ရမ်းခြင်းနဲ့ ဆိုင်တဲ့ ရောဂါတွေ ကင်းတာကိုတွေ့ရပါတယ်။
  • အဲဒီက အသက်ရှည်ကြတဲ့သူတွေဟာ အခြားဒေသက အသက်ရှည်တဲ့သူတွေလိုမဟုတ်ပဲ သွက်လက် ကျန်းမာ သန်စွမ်းကြတာတွေ့ရပါတယ်။
  • သွေးစစ်ကြည့်တဲ့အခါ သူတို့ဟာ (လက်ဖက်ရှည်ကြမ်းသောက်ခြင်းကြောင့်နဲ့ အစားစားတဲ့အခါ အစာအိမ်ရဲ့ ၈၀ % အထိသာစားခြင်းတို့ကြောင့်) ဆိုးဝါးတဲ့ သွေးတွင်းပါဝင်မှုတွေ မတွေ့ရတာကို တွေ့ရပါတယ်။
  • ပြီးတော့ အသက်အရွယ်ကြီးလို့ ဖြစ်တတ်တဲ့ မေ့လျော့ခြင်း ဆိုင်တဲ့ ဦးနှောက် ရောဂါမျိုး ဖြစ်ပွားနုန်းက ကမ္ဘာပျှမ်းမျှဖြစ်ပွားနုန်းထက်လျော့နည်းတာကိုတွေ့ရပါတယ်။

ဒီလို စိတ်ဝင်စားစရာကောင်းပြီး အသုံးဝင်တဲ့ အိခီဂိုင်အကြောင်းကို နောက်ရက်မှာ ထပ်မံဖော်ပြပါမယ်။ စာရေးဆရာ Hector Garcia နဲ့ Francesc Miralles တို့ရဲ့ "IKIGAI: The Japanese Secret to a Long and Happy Life"ကို မှီငြမ်း ဘာသာပြန်ရေးသားတာဖြစ်ပါတယ်။

အားလုံးကျန်းမာကြပါစေ။

@princekham
4th Oct 2024
Myanmar

Sort:  

This is an interesting topic!
!LUV
!PIZZA
!MEME


Thank you for using ECENCY

!hiqvote

PIZZA!

$PIZZA slices delivered:
@asterkame(1/5) tipped @princekham

@princekham, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @princekham gets !LOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻