အခု ကိုဗစ် အိုမီခရွန်တွေ တော်တော်ဖြစ်ကြတယ်လို့ ကြားတယ်ဗျ။ ရန်ကုန်မှာလဲ တော်တော်ကူးကြတယ်တဲ့။ တောင်ကြီးကနေ ခနသွားလာသူတွေတောင် ဥမ္မာခင်နဲ့ တွေ့ကုန်ကြတယ်။ ရောဂါက တကြော့ပြန် ပြန်စခန်းထနေတယ်ထင်ပါ့ဗျာ။
အရှေ့ကိုဗစ်တုန်းကလည်း ကိုဗစ်နဲ့ အတော် ထိခိုက်ခဲ့ကြပြီးပြီ။ အခုလဲ ဘယ်လောက်ထိအောင် ဆက်သွားနေဦးမလဲ မဆိုနိုင်။ ဒီကပ်ဘေးနဲ့တင် ပြိုလဲသွားရတဲ့ sectors တွေလဲမနည်းမနော မဟုတ်ပါလား။ tourism ဆို လုံးဝ နံလန်မထူနိုင်တော့ပါ။
နိုင်ငံရေး အခြေအနေပါ ပေါင်းထည့်လိုက်တော့ ပြန်ရုန်းထဖို့ အနည်းဆုံး ၂ နှစ်လောက်တော့ အချိန်ယူရဦးမယ်။ ဒါတောင် မသေချာလှပါ။ ကိုယ်တွေနိုင်ငံက ဘယ်ကို ဦးတည်နေမှန်းတောင် မသိနိုင်သလို ဖြစ်နေတော့ ခက်သား။ လုံခြုံရေး မသေချာရင် ဘယ် tourist မှ မလာပါ။ safety first ဆိုတော့ ရောဂါထိန်းချုပ်မှုရော လုံခြုံရေး အာမခံနိုင်မှုပါ အားနည်းလှတဲ့ ဒီလို အခြေအနေနဲ့က ရွှေပြည်တော် မျှော်တိုင်းဝေးလို့ ဆိုရမလိုလို။
ကာကွယ်ဆေးအနေနဲ့ ထိုးထားခဲ့ပြီး အခု booster ဆိုတော့လဲ ထပ်ထိုးရတာပေါ့လေ။ အပြင်မှာက တန်းစီနေရတာ တော်တော် စောင့်ရတယ်လို့ ပြောတယ်ဗျ။ ဝန်ထမ်းဆိုရင် အလှည့်ကျနဲ့ ရပေမယ့် အပြင်လူတွေကျတော့ အလုပ်ပျက် အကိုင်ပျက် နေပူ မိုးရွာ တန်းစီတိုးနေရတာ။
တခြားမြို့တွေတော့ မပြောတတ်ဘူးဗျ တောင်ကြီးမှာတော့ တန်းစီနေတဲ့ လူတန်းကို မြင်ရတာတင် တော်တော် မောဖို့ကောင်းနေပါတယ်။ လူတွေကလဲ ပူးပူးကပ်ကပ်စီနေကြတာ ကြားဖြတ်ဝင်မှာ စိုးရသေးတာကိုး။ ဆေးမထိုးရခင် ရောဂါ အရင်ကူးမလားတောင် ကြောက်နေရတယ်။
အဲ့လိုနဲ့ အပြင်ဆေးခန်းမှာပဲ ကာကွယ်ဆေး ထိုးဖြစ်ခဲ့ပါတယ်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်သည်လို့ ဆိုတယ်မလား။ ဘာပဲဖြစ်ဖြစ် ဆေးထိုးထားတော့ ဟုတ်ဟုတ်မဟုတ်ဟုတ် ဆေးထိုးထားပြီးပြီလို့ အနည်းဆုံးတော့ ပြောလို့ရတာပေါ့လေ။ ဆေးထိုးပြီးလဲ ကူးချင်ကူးနေကြတာဆိုတော့လေ။ စိတ်တော့ ချလို့မရဘူးပေါ့။
ရှေ့အခေါက်တွေတုန်းက ဆေးထိုးတာ မနာဘူးလိုပဲ။ တချက်လေး အောင့်ပြီး ခနနဲ့ ဆေးထိုးထည့်တာ ပြီးသွားတယ်။ booster ကျတော့ ပိုအောင့်ပြီး ဆေးရည်ထိုးထည့်တာ ကြာသလိုပဲ။ ဆေးပမာဏပဲ များလို့လား မဆိုနိုင်ဘူး။
ဆေးထိုးပြီးနောက်လဲ ရှေ့အခေါက်တွေတုန်းက ကိုက်ခဲတာ ရှိပေမယ့် booster က ဆေးထိုးထားတဲ့ လက်က ခါတိုင်းထက် ပိုအောင့်တယ်။ လူလဲ မလုပ်ချင် မကိုင်ချင်နဲ့ ၂ ရက်လောက်မှ အောင့်တာ သက်သာလာတယ်ဗျ။ နောက်ထပ်တွေကော ထိုးနေရဦးမလား မသိပါဘူးဗျာ။
မိတ်ဆွေတို့အားလုံးလဲ ကိုဗစ်ဘေးကနေ ဝေးကြပါစေလို့ မေတ္တာပို့ပါတယ်။ အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါဗျ။
Sai Kaung Zaw Thant
21/2/22