Hello Risingstar Game Fans, today we have done many activities in Risingstar Game. S65 Smiley has joined the Special Mission ahead of the Halloween festival that will end on November 13th. To do this mission, friends need to have S65 Smiley Cards. I still don't know what I will get for this mission.
Today, I bought an S65 card from the market to complete the mission. Now the mission has started. Risingstar Game is moving forward with new things. But the price of Starbits is on the downside. As of this morning it was at 0.000009. But now is a great time to buy and collect Starbits. Risingstar Game will move with time.
Today we will choose the # 116 times Starbits 5000 Giveaway that was done in the past few days. I will choose to use wheelofanames. I will announce the participants in my 116 Giveaway Post.
The winner will be announced🔊🔊🔊🔊🔊
1
2
3
Congratulations!🌞🌞🌞
Sent 5000 Starbits to @subidu.
There are many singers in Myanmar. Out of these, I really like the songs of a Shan singer. His songs include nature, love, people's character, tribal traditions, human character, and the beauty of small towns. Listening to a song is like reading a story. He is Sai Sai Maw, a Shan singer. He is now over 80 years old. But his songs and his voice do not age. Always fresh. I would like to introduce one of my favorite songs from his songs. This song is a song that shows the life of a driver. Let's listen to it from the Youtube link.
The meaning of the song is about the difficult road between Namkham and Muse (a city on the Chinese border), which is a city on the Shan State side of northern Myanmar. During the dry tea season, the driver came out from Muse to Mandalay with goods. The roads are rough and there are high cliffs, so he has to drive the car carefully until he starts to sweat.
His journey home was unpredictable as his car broke down on the road and he had to spend the night. So he also told his wife not to be upset if he came home late. Have a nice day while listening to Sai Sai Maw's personal song, which is very good and full of essence. thank you
မင်္ဂလာပါ Risingstar Game Fansများအားလုံး ဒီကနေ့မှာတော့ Risingstar Gameမှာ လှုပ်ရှားမှုတွေ များစွာ လုပ်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၃မှာ ပြီးဆုံးမဲ့ ဟောလိုးဝင်းပွဲတော်အကြို S65 Smileyဟာ Special Missionထဲမှာ ပါဝင်လာပါပြီ။ ဒီ Missionကို လုပ်ဆောင်ဖို့အတွက် S65 Smiley Cardsကို မိတ်ဆွေတို့က ပိုင်ဆိုင်ထားဖို့တော့လိုပါတယ်။ ဒီ Missionအတွက် ဘာတွေရရှိလာမလဲ ကျွန်မတော့ မသိသေးပါဘူး။
ဒီနေ့ပဲ ကျွန်မက Missionလုက်ဆောင်ဖို့အတွက် Marketထဲကနေ S65 Cardကို ဝယ်ယူခဲ့ပါတယ်။ အခု Mission စတင်နေပါပြီ။ Risingstar Game က အသစ်အဆန်းတွေနဲ့ ရှေ့ကို ဆက်နေပါတယ်။ ဒါပေမဲ့ Starbits စျေးကတော့ အကျဘက်မှာ ရှိနေပါတယ်။ ဒီနေ့ မနက်ပိုင်းအချိန်အထိ 0.000009မှာ ရှိနေပါတယ်။ ဒါပေမဲ့ ဒီ အချိန်မှာ Starbitsတွေ ဝယ်ယူစုဆောင်းထားဖို့ အရမ်းကောင်းတဲ့ အချိန် ဖြစ်ပါတယ်။ Risingstar Gameက အချိန်နဲ့အတူတူ ရွှေ့လျားနေပါလိမ့်မယ်။
လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက လုပ်ဆောင်ခဲ့တဲ့ # 116အကြိမ် Starbits 5000 Giveawayကို ဒီကနေ့ ရွေးချယ်ပေးပါမယ်။ ကျွန်မက wheelofanamesကို အသုံးပြုရွေးချယ်ပါမယ်။ ကျွန်မရဲ့ 116 Giveaway Postမှာ ပါဝင်ထားသူတွေကို ကြေညာပေးပါမယ်။
ကံထူးရှင်ကို ကြေညာပါတော့မယ်
1
2
3
ဂုဏ်ယူပါတယ်🎷🎷🎷🎷
@subiduထံသို့ Starbits 5000ပို့ထားပါပြီ။
မြန်မာနိုင်ငံမှာ အဆိုတော်များစွာရှိပါတယ်။ ဒီထဲကမှ ကျွန်မက ရှမ်းအဆိုတော်တစ်ယောက်ရဲ့ သီချင်းတွေကို အရမ်းနှစ်သက်ပါတယ်။ သူ့သီချင်းတွေမှာ သဘာဝတရား, ချစ်ခြင်းမေတ္တာ, လူတွေရဲ့ စရိုက်ဓလေ့, လူမျိုးစုတွေရဲ့ ထုံးတမ်းစဥ်လာ, လူ့စရိုက်, မြို့ငယ်တွေရဲ့အလှ စသည်တို့ ပါဝင်ပါတယ်။ သီချင်းတစ်ပုဒ်နားထောင်လိုက်ရင် ပုံပြင်တစ်ပုဒ် ဖတ်ရသလိုပါဘဲ။ သူကတော့ ရှမ်းအဆိုတော်တစ်ယောက်ဖြစ်တဲ့ စိုင်းဆိုင်မောဝ် ဖြစ်ပါတယ်။ သူက အခုဆိုရင် အသက် ၈၀ကျော်ပါပြီ။ ဒါပေမဲ့ သူ့သီချင်းတွေ သူ့ အသံတွေက အိုမင်းခြင်း မရှိပါဘူး။ အမြဲ သစ်လွင် နေပါတယ်။ သူ့ သီချင်းတွေထဲကမှ ကျွန်မ အနှစ်သက်ဆုံး သီချင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီသီချင်းလေးကတော့ ကားမောင်းသမား တစ်ယောက်ရဲ့ ဘဝကို ပြသပေးတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ Youtube Linkကနေ နားဆင်ကြည့်ကြရအောင်ပါ။
သီချင်းရဲ့ အဓိပ္ပါယ်ကတော့ ကျွန်မတို့ မြန်မာနိုင်ငံ မြောက်ပိုင်း ရှမ်းပြည်နယ်ဘက်က မြို့တစ်မြို့ဖြစ်တဲ့ မူဆယ် ( တရုတ်ပြည်နယ်စပ်မြို့)နဲ့ နမ့်ခမ်းမြို့ကြားက ခက်ခဲလှတဲ့ ကားလမ်းအကြောင်းဖြစ်ပါတယ်။ လက်ဖက်ခြောက်တွေ ထွက်တဲ့ရာသီမှာ မူဆယ်ကနေ မန္တလေးဘက်ကို ကုန်တွေတင်ပြီး ကားသမားလေးက ထွက်လာခဲ့ပါတယ်။ လမ်းတွေက ကြမ်းလှတဲ့အပြင် မြင့်မားလှတဲ့ ချောက်ကြံးတွေကြောင့် ချွေးပြန်လာတဲ့အထိ ကားကို သူက ဂရုစိုက် မောင်းနေရပါတယ်။ လမ်းမှာ ကားပျက်လို့ ညအိပ်ရတဲ့အတွက် သူ့ရဲ့ အိမ်အပြန်ခရီးဟာ တွက်ချက်လို့ မရနိုင်ပါဘူး။ ဒါကြောင့် သူ့ရဲ့ ဇနီးကို အိမ်အပြန်နောက်ကျရင် စိတ်မဆိုးဖို့လည်း ပြောထားပါသေးတယ်။ အင်မတန် ကောင်းမွန်ပြီး အနှစ်သာရပြည့်ဝတဲ့ အဆိုတော်ကြီး စိုင်းဆိုင်မောဝ်ရဲ့ ကိုယ်ပိုင်သီချင်းလေးကို နားဆင်ရင်း သာယာတဲ့ ရက်လေး ဖြစ်ပါစေ။ ကျေးဇူးတင်ပါတယ်။