Yesterday it rained four times in one day.
On two occasions it rained a lot and on two occasions it was just a light rain.
I have to say that it had been raining all day and I didn't go out of the courtyard.
A long rainy day is a day to stay indoors.
If we don't need to work for food and wealth, sometimes sleeping and eating at home is a luxury.
In the evening, the sun came out.
After that, I saw a semicircular rainbow appear in the east.
I couldn't take a photo with a phone camera to include the entire semicircular rainbow in the yard.
As it is evening, the birds are preparing to go to bed.
There are little birds lined up on the electricity cables running on the electricity pole by the side of the road.
This is the natural beauty of the evening.
Yesterday, I had to go to bed enjoying the natural beauty of the evening after living in the yard all day.
Sometimes, letting go of work responsibilities and living a relaxed life becomes the essence of life.
[Burmese]
မနေ့က တစ်နေ့တည်း မိုး လေးကြိမ် ရွာသွန်းခဲ့သည်။
နှစ်ကြိမ်၌ မိုးရေ အတော်များများ ရွာချခဲ့ပြီး နှစ်ကြိမ်မှာတော့ မိုးဖွဲလေးမျှသာ ရွာခဲ့ပါသည်။
တနေကုန် မိုးရွာနေခဲ့သည်ဟု ပြောရမည် ဖြစ်ပြီး အိမ်ခြံဝင်း ထဲမှ အပြင်သို့ မသွားဖြစ်ခဲ့ပါ။
မိုးရွာချိန် ကြာသည့်နေ့ရက်ကတော့ အိမ်ထဲမှာပဲ ဇိမ်ယူရသည့်နေ့ပါပဲ။
စားဝတ်နေရေး နှင့် ဥစ္စာစည်းစိမ်ချမ်းသာကြွယ်ဝရေး အတွက် အလုပ်လုပ်စရာ မလိုအပ်လျှင် တခါတလေတော့ အိမ်ထဲမှာ အိပ်ခြင်း နှင့် စားခြင်းကို လုပ်ဆောင်ရသည်မှာ ဇိမ်ရှိစွာနေရခြင်းပါ။
ညနေခင်းမှာတော့ နေရောင် ပွင့်ထွက်လာခဲ့သည်။
ထိုနောက်မှာတော့ အရှေ့ဘက်အရပ်ဆီ၌ စက်ဝိုင်းခြမ်းပုံ သက်တန့်ကြီး ပေါ်ထွက်နေတာကို ရှုစားခဲ့ရသည်။
အိမ်ခြံဝင်း ထဲမှ စက်ဝိုင်းခြမ်းပုံ သက်တန့်ကြီးတခုလုံး ပါဝင်အောင် Phone Camera ဖြင့် မရိုက်ယူနိုင်ခဲ့ပါ။
ညနေခင်းမို့ ငှက်ကလေးတွေ အိပ်တန်းတက်ရန် ပြင်ဆင်နေကြသည်။
လမ်းနဘေးက လျှပ်စစ်မီးတိုင်၌ သွယ်တန်းထားသော မီးကြိုးများပေါ်၌ စာကလေးငှက်များ တန်းစီနေကြသည်။
ဤသည်ကား ညနေခင်း၏ သဘာဝအလှပင်။
မနေ့က တနေ့သည်ကား အိမ်ခြံဝင်းထဲမှာပဲ တနေကုန်နေထိုင်ရင်း ညနေခင်းသဘာဝအလှကို ခံစားကာ အိပ်ရာဝင်ခဲ့ရသည်။
တခါတလေတော့လည်း အလုပ်တာဝန်တွေကို လွှတ်ချပြီး စိတ်လက်ပေါ့ပါးစွာ နေထိုင်ရခြင်းက ဘဝ၏ အနှစ်သာရတခုပင် ဖြစ်တော့သည်။