(42) Times. My Cleanplanet activities for Super Sunday. (13-10-2024)

in #hive-150210last month

တနင်္ဂနွေနေ့မှာ အမှိုက်ကောက်ပိုစ့်တင်ဖို့
အတွက် မတင်ဖြစ်တာ နှစ်ပတ်ကျော်ခဲ့သည်။
စက်တင်ဘာ 22 ရက်မှာ ပိုစ်တင်ပြီး နောက်
အပတ်များမှာ ပိုစ့်မတင်ဖြစ်ပေ။ ဟိုလုပ်
ဒီလုပ်၊ ဟိုအချိန် ဒီအချိန်မှာ ရေးမည်ဖြင့်
အမှိုက်ကောက်ပိုစ့် တင်ရန်ပျက်ကွက်သည်။
ယခုအပတ်က လေးဆယ့်နှစ်ကြိမ်မြောက်
ဖြစ်သည်။

ယနေ့တော့ တင်မှဖြစ်မည်ဟု စိတ်ကူး၍
ခြံအပြင်ထွက်ကာ အမှိုက်ကောက်သည်။
ပုံမှန်ဆို ကိုယ်တွေက တစ်ရက်ခြား ပိုစ့်တင်သည်။
ယနေ့တော့ မနေ့ကတင်ထားသော ငပျင်း
ပိုစ့်ကြောင့် ရက်ဆက်တင်ရပါလေသည်။
ပျင်းရင်းနဲ့ ဖျင်း၊ ငဖျင်းမှ အညွန့်တုန်း
မဖြစ်စေဖို့ ကြိုးစားကာ အမှိုက်ကောက်ရပါတော့သည်။

အမှိုက်ကလည်း နေ့တိုင်းကောက် နေ့တိုင်း
ရှိသည်။ ရှိဆို လူတို့၏ နေ့စဉ်အသုံးပြုနေသော
ပစ္စည်းများကလည်း အမျိုးအစား စုံလင်ပေသည်။
ဒါ‌တောင် ကိုယ်တွေက စက္ကူအမှိုက်ကို မကောက်၍
တော်သေးသည်။ ပလပ်စတစ်များသာ ကောက်ယူ
သည်။ စက္ကူစုတ်က မြေကြီးမှာ မြုပ်သွားက
ပြဿနာမရှိ။ ထို့ကြောင့် စက္ကူစုတ်များကို
မကောက်ရသဖြင့် တော်ပေသေး။

သို့ပေသိ စက္ကူစုတ်ဆိုသည်ကလည်း ရှားပါး
သောအမှိုက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်
ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင်နှင့်
သယ်ယူထုပ်ပိုးရာတွင် ပလပ်စတစ်အိတ်များကို
သာ အများဆုံး အသုံးပြုကြသည်။ ထိုကြောင့်
လမ်းမပေါ်တွင် စက္ကူစုတ်ထက် ပလပ်စတစ်အိတ်
ကများသည်။

ယနေ့တော့ ခြံဘေးပတ်လည်ရှိသော အမှိုက်
အနည်းငယ်သာ ကောက်ယူသည်။ ပိုစ့်တင်
တာလည်း နောက်ကျ၍ဖြစ်သည်။ ဖုန်းကလည်း
အားသွင်းရာတွင် ပြဿနာဖြစ်သည်။ အားသွင်းကြိုးက
ပြဿနာစလာသည်။ နာရီကြာကြာသွင်း
ပါသော်လည်း အားက မဝင်ချင်ပေ။ ထိုကြောင့်
ဖုန်းကို ချော့၍ အားသွင်းနေရသည်။

Hive ဈေးကလည်း တဒေါ်လာသို့ မရောက်
နိုင်သေးပေ။ တ‌စ်ဒေါ်လာရောက်ပါမူ ဖုန်းအသစ်လေး
တလုံးလောက် ဝယ်ချင်ပါသေးသည်။
ဖုန်းအသစ်လေးဝယ်ဖို့ အရေး ဟိုက်ဈေး
တဒေါ်လာရောက်ပါစေ ဟု ဆုတောင်း‌
နေရပြန်ပါသည်။

@htwegyi
October 13, 2024

Sort:  

@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @htwegyi gets !LOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻